Chapter(42)

4.4K 270 26
                                        

EIUJNM:Chapter(42)မင်းငါ့ကိုလက်စားချေနေတာလား

"မင်း ဒီနေ့တော့ ဆိုဖာပေါ်မှာပဲအိပ်လိုက်!ဟိုနှစ်ကောင်ပြန်တည့်သွားမှ မင်း အခန်းတစ်ခန်းယူလိုက်!"

"အင်း!"

အဒမ်က သူပြောတဲ့စကားကိုဘာအထွန့်မှမတက်ဘဲ လက်ခံတယ်။ပြီးတော့ သူ့လက်ထဲက စောင်နဲ့ခေါင်းအုံးကိုယူလိုက်ပြီး ..
"မင်း အိပ်တော့မှာလား"

"မအိပ်သေးဘူး..ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး..."

"အင်း...တစ်ခုခုဆို ငါအခန်းထဲမှာရှိမယ်"

"အင်း"

အဒမ်က ခေါင်းညိတ်လိုက်ရင်း သူ့ကိုကျောခိုင်းသွားတဲ့ ဝိုင့်ကျောပြင်ကိုလိုက်ကြည့်နေပြီးမှ ထိုင်ချလိုက်တယ်။ပြီးတော့ အသက်ကိုဝဝရှုလိုက်ပြီး အခုလက်ရှိသူတို့နှစ်ယောက်ရဲ့အခြေအနေကို ပြန်ဆင်ခြင်နေလိုက်တယ်။သူတို့နှစ်ယောက်ရဲ့အခြေအနေကြီးက တိုးတက်လာမလိုနဲ့ ဆုတ်ယုတ်သွားသလိုခံစားနေရတယ်။ညနေပိုင်းကရေချိုးခန်းထဲက အနမ်းကနှစ်ယောက်လုံးရဲ့စိတ်ဆန္ဒအလျောက်ဖြစ်ခဲ့တာဖြစ်ပြီး ဝိုင့်ဘက်ကစခဲ့တာဖြစ်တာမို့ ဝိုင့်ဘက်က အခြေအနေများတိုးတက်လာပြီလားလို့ သူခဏတာလေးပျော်ရွှင်ခဲ့ရတယ်။

ဒါပေမဲ့အဲ့ပျော်ရွှင်မှုက ကြာကြာမခံလိုက်ဘူး...သူရေချိုးအပြီး အခန်းထဲအပြန်မှာ ဝိုင်က သူ့လက်ဂေ့ချ်ကို ဖွင့်ပြီးသူမသိအောင်တစ်ခုခုလုပ်နေတယ်။

"ဝိုင်...မင်းဘာလုပ်နေတာလဲ"

ကျောခိုင်းထားတဲ့ဝိုင်က သူနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်ရင်း...
"ငါရှာနေတာ..."

"ငါ့အိတ်ထဲမှာမင်းဘာရှာနေတာလဲ"

"မင်းပျောက်တယ်ဆိုတဲ့ ပိုက်ဆံအိတ်..."

ဝိုင်ကတကယ်တော်လာပါတယ်..တကယ့်ကိုပဲ သူ့ကိုဝိုင်လုံးဝကိုမယုံခဲ့ဘူး။သူ့စိတ်ထဲမှာ သေးသေးလေးတုန်လှုပ်သွားတယ်ဆိုပေမဲ့ စခဲ့တဲ့ဇာတ်လမ်းကို ဆက်လုပ်ရမှာပဲ...

"ငါ့ရဲ့ပျောက်သွားတဲ့ ပိုက်ဆံအိတ်က အဲ့ထဲမှာဘယ်လိုလုပ်ရှိနေမှာလဲ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now