EIUJNM:Chapter(23)မြန်မြန်ပြန်လာခဲ့ ဝိုင် မင်းရဲ့ဒက်ဒီကမင်းကိုတွေ့ဖို့လိုက်လာတယ်
"လင်း!လင်း..ကိုကိုတို့ Open relationship ကိုစမ်းကြည့်ကြမလား''
"ဗျာ!"
ဒီတစ်ခါအောက်မေးပြုတ်ကျသွားရတဲ့လူက အဒမ်လင်းညိုကိုယ်တိုင်ပဲ...ပုံသေ သမားရိုးကျ သမားလို့သူသိထားတဲ့ တည်ငြိမ်ဉီး ကိုယ်တိုင်ဆီက ဒီ Open Relationshipဆိုတဲ့ စကားအတွဲလိုက်ကြီးထွက်လာတာက သူ့အတွက် သောက်ရမ်းဆန်းကျယ်လွန်းတယ်။
Open Relationshipဆိုတာကတိုက်ရိုက်ဘာသာပြန်ယူရင်တော့ ပွင့်လင်းတဲ့ဆက်ဆံရေးခေါ်မလားပဲ..သူက Polyamory နဲ့ခပ်ဆင်ဆင်လေးတူတဲ့Relationshipပဲ..Open Relationshipမှာဆိုရင် လက်ထပ်ပြီးသားစုံတွဲ ဒါမှမဟုတ် ရိုးရိုးစုံတွဲ တွေက ကိုယ့်ပါတနာရဲ့သဘောတူညီခွင့်ပြုချက်နဲ့ ကြိုက်သလို ပါတနာတွေထပ်ရှာခွင့်ရှိတယ်။အဲ့ပါတနာအသစ်တွေရဲ့ဆက်ဆံရေးကလဲ ရိုးရိုးဆက်ဆံရေးကနေ Sexually ဆန်တဲ့ဆက်ဆံရေးအထိရှိနိုင်တယ်။
အဲ့လို ဆက်ဆံရေးတစ်ခုကို တည်ငြိမ်ဉီးကစမ်းကြည့်ကြမယ်လို့ပြောနေတာက အဒမ့်အတွက်အိပ်မက်တစ်ခုလိုတောင်ဖြစ်နေရတယ်။သူ့တစ်သက်နဲ့တစ်ကိုယ် တည်ငြိမ်ဉီးကဒီလိုစပြောလာလိမ့်မယ်လို့ တွေးကိုတွေးမထားတာ။
တည်ငြိမ်ဉီးကတော့ မျက်လုံးလေးပြူးသွားပြီးအံ့သြနေတဲ့ သူ့ကောင်လေးကိုချစ်စနိုးကြည့်ပြီး ခပ်သောသောလေးရယ်လိုက်မိတယ်။ဒီကောင်လေးက သူ့ကို သမားရိုးကျ နေနေတာနဲ့ပဲ ဒီအကြောင်းတွေကိုမသိတဲ့ အဘိုးကြီးလို့များထင်နေသလားမသိဘူး။
တည်ငြိမ်ဉီးရယ်ရင်းနဲ့ပဲ အံ့သြနေတဲ့ အဒမ့်နဖူးကို လက်ညိုးနဲ့လက်မကွေးပြီး ခပ်စပ်စပ်လေးတောက်လိုက်ရင်း..."ဘာတွေအံ့သြနေတာလဲ"
"အာ.." နာသွားတဲ့ နဖူးကိုပွတ်ရင်း အဒမ် သဘောတကျရယ်လိုက်မိတယ်။
"မအံ့သြပါဘူး""ဒီပုံကြီးက မအံ့သြတာလား" တည်ငြိမ်ဉီးက မျက်လုံးလေးကိုကြောင်တောင်လုပ်ပြီး နှုတ်ခမ်းကို ဟထားရင်း ပြောလိုက်တယ်။
တည်ငြိမ်ဉီးရဲ့မလုပ်စဖူးပြောင်စပ်စပ်ပုံလေးကြောင့် အသဲယားသွားပြီး နဖူးကိုဖိကပ်နမ်းလိုက်ရင်းရယ်လိုက်မိတယ်.."အဲ့ဒါ ကျွန်တော်ပုံစံလား"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]