Chapter (24)

3.2K 220 22
                                    

EIUJNM:Chapter(24)မင်းနဲ့သူ မတူဘူး

ဝိုင်လျှပ်စီးကြောင်းတစ်ခုဖြတ်စီးသွားသလိုကျောထဲမှာ စိမ့်ခနဲဖြစ်သွားရတယ်။သူ့နှလုံးက ပရမ်းပတာခုန်လာပြီးတော့ ဗိုက်ထဲမှာလဲလိပ်ပြာလေးတွေပျံနေသလိုမျိုး အေးခနဲ လွင့်ခနဲ...

ရိုးရိုးသူငယ်ချင်းမဟုတ်တော့ဘူး...အဆင့်တက်သွားပြီ..ဘာကိုဆိုလိုချင်တာလဲ??သူ Friend Zoneထဲကခုန်ထွက်လိုက်နိုင်ပြီ အဲ့လိုလား...သူတို့နှစ်ယောက်က အခုဘာတွေဖြစ်သွားတာလဲ..အဒမ်က ကိုတည်ငြိမ်ဦးနဲ့ပြတ်သွားတာလား??

တစ်ချိန်ထဲမှာပဲ သူ့ရဲ့ခေါင်းထဲမှာ အတွေးတွေပလုံစီလာပြီးသူ့ရဲ့ မြောက်များလှစွာသော အတွေးတွေကို အဒမ်လင်းညိုက ပြီးပြည့်စုံတဲ့အပြုံးလေးတစ်ခုနဲ့ အဖြေပေးလာတယ်။

"ငါတို့နှစ်ယောက်က ရိုးရိုးသူငယ်ချင်းမဟုတ်တော့ဘူးနော်..Just Friendဖြစ်သွားပြီ..ဒါမှမဟုတ် တစ်ခါတည်း FWB(Friend With Benift)အထိတက်လိုက်ကြမလား"

အဒမ်ကတော့သူ့စိတ်တိုင်းကျပြောချင်ရာတွေလျှောက်ပြောနေပေမဲ့ဝိုင့်မျက်နှာကတော့ ဖြတ်ရိုက်ခံလိုက်သလိုခံစားလိုက်ရတယ်။အဒမ်လင်းညို ကဘာလို့များသူ့ခံစားချက်တွေကို ကစားနေရတာလဲ။သူကရော ဘယ်ဘဝကဝဋ်ကြွေးကြောင့် ဒီစကားတွေကြားထဲမှာ ခဏခဏ အမှတ်မရှိနစ်မျောနေမိတာလဲ။

ဝိုင်အသာလေးပြုံးရင်းပဲ အဒမ့်ရဲ့ရင်ဘက်ကိုတွန်းလွှတ်လိုက်ရင်း...
"မင်းရူးနေလား"

အဒမ်က ခေါင်းခါလိုက်ရင်း..
"ငါမရူးပါဘူး..ငါတကယ်ပြောနေတာ"

"ဖယ်..ငါထွက်တော့မယ် မင်းပြီးရင်ထွက်ခဲ့လိုက် ငါရှေ့မှာစောင့်နေမယ်"

သူထိခိုက်သွားတဲ့ စိတ်နဲ့မာနကို ပြန်အဖက်ဆယ်ဖို့ အခုလောလောဆယ်တော့ ဒီရေကန်ထဲကထွက်မှဖြစ်တော့မှာ။အဒမ်လင်းညိုရဲ့စကားတွေကိုလဲဆက်နားမထောင်ချင်တော့ဘူး။

အဒမ့်ကို တွန်းဖယ်ပြီး ကန်ဘောင်ပေါ်သူတက်လိုက်တော့ အဒမ်ကပါနောက်ကနေလိုက်တက်လာပြီး သူ့လက်ကိုနောက်ကနေဆွဲလိုက်တယ်။

"ဝိုင်~~မင်းစိတ်ဆိုးသွားတာလား"

သူက အဒမ့်ကိုဘယ်လိုလုပ်စိတ်ဆိုးလို့ရမှာလဲ?ဘယ်လိုလုပ်စိတ်ဆိုးရက်မှာလဲ...အဒမ့်ရဲ့အပြုအမူသေးသေးလေးတစ်ခုကတောင် သူ့စိတ်တွေကို ညံ့သက်စေနေခဲ့တာ။ပြီးတော့ ခုနကအနမ်းအတွက်...သူ့ရင်ခုန်သံတွေမြန်စေတဲ့အနမ်းအတွက်လဲ စိတ်မဆိုးဘူး။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now