[A/N]
အဒမ်နဲ့ဝိုင်တို့ Chapter အသစ်မလာခင် မိုနီကာနဲ့နေနုအေးအကြောင်းလေးဖတ်ထားနှင့်နော်...Chapter အသစ်ထဲမှာ ဒီနှစ်ပိုင်းနဲ့အဆက်သဘောမျိုးလေးမို့ပါ။မိုနီကာနဲ့နေနုအေးရဲ့Love Storyကို အကျဥ်းသဘောမျိုးလေးရေးထားပေးတာမို့ ပျင်းစရာမကောင်းဖို့မျှော်လင့်ပါတယ်။
______________________________________________
EIUJNM:Monay_01"I love her and it is the beginnig of everything"
_F.Scott Fitzgeraldလူတစ်ယောက်ဖောလင်းအင်လပ်ဗ်သွားဖို့ အချက်ဘယ်နှစ်ချက်လောက်လိုမယ်ထင်လဲ??
သေချာတာတော့ လူတစ်ယောက်နဲ့တစ်ယောက်က တူကြမှာမဟုတ်ဘူး။ဆံပင်လေးကို နားကြားထဲရှက်ကိုးရှက်ကန်းနဲ့ညှပ်လိုက်တဲ့အချိန်လား...ဟက်ဟက်ပက်ပက် ပွင့်ပွင့်လင်းလင်းရယ်လိုက်တဲ့အချိန် ပေါ်လာတဲ့ သွားညီညီသေးသေးလေးတွေကိုမြင်လိုက်ချိန်မှာလား...စိတ်ဆိုးမာန်ဆိုးနဲ့ကြိမ်းမောင်းနေတဲ့အချိန်လား...အိပ်ယာထချိန်လား...မျက်တွင်းကျနေချိန်လား.. စားစရာကို သွားဖြဲနားဖြဲစားနေချိန်လား...ပဲများပြီး ပြိတ္တာဆန်ဆန်စားနေချိန်လား..လား...လား...လား....အဟွတ်!!
အများကြီးပေါ့..လူတစ်ကိုယ်စိတ်တစ်မျိုးနဲ့ သူတို့ ချစ်မိသွားတဲ့လူရဲ့ပုံကလဲ အမျိုးမျိုးရှိမှာပဲ။မိုနီကာ ချစ်မိသွားတဲ့ပုံကတော့ ခုနကပြောခဲ့တာအကုန်လုံးပဲ...နေနုအေးဆိုတဲ့အေးဆေးတဲ့အမည်နာမလေးကနေစပြီး မျက်မှောင်ကြီးကျုတ်ဒေါဖောင်းနေတဲ့အချိန်အထိ နေနုအေးကိုသူကြွေတယ်။
တဖြုတ်ဖြုတ်ပဲ...ရှယ်ကြွေတာ...နှင်းရိုက်တဲ့ သရက်ကင်းလောက်တော့သနားတယ်။နေနုအေးကိုသူကြွေတာက သျှေးတစ်ယောက်အဒမ့်ကိုကြွေနေတာထက် မသာဘူးဆိုရင်တောင်မလျော့ဘူး။ယှဥ်ဆိုယှဥ်ရဲတယ် အဟုတ်!!
သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ပျိုဖော်ဝင်စမှာပဲသိခဲ့တာ။ဆယ့်သုံး၊ဆယ့်လေးပေါ့။ဒါပေါ့...သူက ညာဏ်ကောင်းတယ်လေ။သူများမိန်းမပျိုလေးတွေ ရည်းစားသနာတွေ ရည်းစားသနံတွေ မျိုးစုံထားနေတဲ့အချိန် သူလဲခေတ်မီအောင် သူ့လာကြိုက်တဲ့ ကောင်ကို ရှက်ပြုံးလေးပြုံးပြီး(ကိုယ်ကရှက်ပြုံးလို့ထင်တာ..တစ်ဖက်ကဘယ်လိုထင်မလဲ မသိပါဘူး စိတ်လဲမဝင်စားဘူး) ခေါင်းညိတ်လိုက်တယ်လေ။
![](https://img.wattpad.com/cover/294505431-288-k170337.jpg)
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]