EIUJNM:Chapter(49)အမေကိုပါတီသွားဖို့ခွင့်တောင်း 🚑
[အသက်မပြည့်သေးသူများအတွက်မသင့်တော်သော စကားလုံးအသုံးအနှုန်းများပါဝင်ပါသည်။]
"....ဘေဘီညပိုင်းအပြင်မှာအိပ်လို့ရလား.."
အဒမ့်ရဲ့အသံက သူ့နားထဲမှာ ထပ်ခါတစ်လဲလဲစွဲထင်နေတယ်။ညဘက်အပြင်မှာအိပ်လို့ရလားလို့မေးပြီး ဘာလုပ်မလဲဆိုတာလဲ သိနေတဲ့သူက ဘာလို့များ ချက်ချင်းကြီး'အင်း' လို့ပြောလိုက်မိတာလဲ။သေချာတာတော့ ဒါကအလိုအလျောက်တုန့်ပြန်မှုပဲ...ဟုတ်တယ်မလား??သူကလဲ တအားကြီးအဲ့တာကို လုပ်ချင်နေတယ်လို့လဲမဟုတ်ပါဘူး။
တွေးလေလေ ရှက်လေလေဖြစ်နေတာမို့ ခေါင်းထဲကထုတ်ပစ်လိုက်ပြီး မား ဆီကနေခွင့်တောင်းဖို့ အိမ်အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။သူ့အမေကညနေစာအတွက် မီးဖိုချောင်ထဲမှာ လှုပ်လှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတယ်။သူအိမ်ကိုပြန်ရောက်ကတည်းက မားကသူ့ရွှေဆိုင်ကိုတောင်မသွားတော့ဘူး။သူ့နားမှာပဲ တစ်ချိန်လုံးနီးပါးကပ်နေပြီး သူ့ပါးစပ်ကထွက်လာသမျှအစားအစာနာမည်မှန်သမျှကို ချက်ကျွေးနေတော့တာ။သူ့မားလုပ်ပုံနဲ့ဆိုရင်တော့ သူတစ်လလောက်ကြာတာနဲ့ သူ့ရဲ့ဗိုက်ချပ်ချပ်လေးအစား ဗိုက်ခေါက်ထူထူလေးနဲ့ဖြစ်လာတော့မှာသေချာပေါက်ပဲ။
ဟင်းအိုးမွှေနေတဲ့ သူ့အမေနားကို ဝိုင် တိုးတိုးလေး ကပ်သွားလောက်ပြီး နားနားကိုကပ်ပြီးအော်လိုက်တယ်။
"မာမား!"
ဟင်းအိုးကိုပဲ ရည်းစားဦးမျက်နှာလိုတစိမ့်စိမ့်ကြည့်နေတဲ့ သူ့အမေက လန့်သွားတာမို့ရှက်ရယ်ရယ်ရင်း သူ့ပုခုံးကိုရိုက်လိုက်ကာ...
"တယ်..ဒီကောင်လေးကလဲ အမေကို...လန့်သွားတာပဲ.."
ဝိုင်ရယ်လိုက်ရင်း ဟင်းအိုးထဲကို ကဲကြည့်လိုက်ပြီး..."ဘာတွေချက်နေလဲ မား..."
"သားပဲမနေ့က ညနေစာကိုတော့ ဝက်အချိုချက်နဲ့ချဥ်ပေါင်ချဥ်ဟင်းဆို...ပုဇွန်စားဦးမလား"
"ဟင့်အင်း တော်ပါပြီ...ဝိုင်ကပြောလိုက် မားကချက်လိုက်နဲ့ ဒီပုံအတိုင်းဆို ဝိုင်ဝလာတော့မှာ"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)