Chapter(13)

3.4K 273 8
                                        

EIUJNM:Chapter(13)"ငါသူငယ်ချင်းကောင်းပဲတသက်လုံးလုပ်သွားမယ်"

အသက်အရွယ်ရလာတာနဲ့ လူတိုင်းနီးပါးမှာရှုပ်ထွေးတဲ့အချစ်ရေးနဲ့လူမှုရေးဆိုတာရှိတတ်ကြတယ်။ဝိုင် ငယ်ငယ်တုန်းက အချစ်ဝတ္ထုတွေဖတ်ပြီး စိတ်ကူးစယဥ်တတ်ခါစအချိန်တွေးခဲ့တာက သူ့ရဲ့အချစ်ရေးကဘယ်တော့မှမရှုပ်ထွေးစေရဘူးဆိုပြီးတော့ပဲ။သူ့အတွေးထဲမှာကရိုးရိုးရှင်းရှင်းပဲလူတစ်ယောက်ကိုချစ်မယ်...လက်ထပ်မယ်...အတူတူရှင်သန်ရုန်းကန်မယ်...အတူတူအိုမင်းမယ်။အဲ့ဒါပဲ။

လူတိုင်းလိုပဲ ဝိုင်ကရိုးရှင်းတာကိုကြိုက်ပြီး ရှုပ်ထွေးတာကိုမကြိုက်တဲ့လူတစ်ယောက်ဖြစ်တယ်။တစ်ခါတစ်လေကိုယ့်ကိုကိုယ်Introvertလို့ထင်နေပေမယ့် တစ်ခါတစ်လေကျ Ambivertဖြစ်နေတတ်တဲ့ ဇဝေဇဝါတွေများတဲ့ လူတစ်ယောက်ပဲ။ တိတိကျကျတစ်ခုကတော့ အဒမ်လင်းညိုကို သူကြိုက်တယ်။

ဒါပေမဲ့သူလိုချင်တဲ့ရိုးရှင်းတဲ့ဘဝက အဒမ်နဲ့တွေ့ပါပြီဆိုကတည်းက အလိုအလျောက်ရှုပ်ထွေးခဲ့တယ်နဲ့တူပါတယ်။အချိန်ကြာလာလေ ပိုသိသာလာလေပဲ...

Milk Shakeထဲက ပေါလောပေါ်နေတဲ့ ရေခဲတုံးလေးတွေကို ပိုက်နဲ့လိုက်ထိုးနေရင်း ဝိုင် သူ့ရှေ့ကလူကို မျက်လွှာပင့်ကြည့်လိုက်တယ်။အားနာစိတ်တွေက ခေါင်းကနေခြေဖျားအထိ ပြည့်နှက်နေပေမဲ့ ကိုယ့်ဘာသာကိုယ်လဲ ရှုပ်ထွေးနေတာ သေလုမတက်ပဲ။

"ဝိုင်..."

"ဟင်!"

"ကိုကို့ကို ဘာပြောမလို့လဲ"

"အမ်..." အသံရှည်ဆွဲရင်းသူနှုတ်ခမ်းကိုက်လိုက်မိတယ်။သူဘယ်ကနေစပြောရမလဲမသိတော့ဘူး။ခန့်ဇာနည်ကသူ့အတွေးတွေကိုဖတ်နိုင်ရင်အရမ်းကောင်းမှာပဲ...အခုအချိန်အတွက် အဲ့လိုမျိုးတကယ်မျှော်လင့်မိတယ်။

"ဝိုင်...ကိုယ့်ကိုကြည့်..."

ခန့်ဇာနည်ပြောလိုက်တော့ အားနာရိပ်အပြည့်နဲ့ မျက်ဝန်းလေးတွေက သူ့ကိုမဝံ့မရဲကြည့်လာတယ်။သူ ဒီကောင်လေးကို တကယ်သဘောကျတယ်...သူသဘောကျတဲ့ကောင်လေးက သူ့ကိုပြန်သဘောမကျပေမဲ့လို့ပေါ့။

"ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်...ကိုယ်နားထောင်နေတယ်"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now