Chapter(30)

3.8K 245 18
                                        

EIUJNM:Chapter(30)သူတို့မကြိုက်တဲ့ ဇာတ်သိမ်း...

လောကကြီးမှာအမြန်ဆုံးပေါ်ပေါက်လာတတ်တဲ့အရာတွေက လူတွေအသိုဝှက်ထားချင်ဆုံးကိစ္စဖြစ်မယ်လို့တည်ငြိမ်ဦးထင်တယ်။မိဘမဲ့ဂေဟာမှာ အဒမ့်ကို သူ့ရောဂါအကြောင်းညာလိုက်ပေမဲ့ သိပ်မကြာခင်အချိန်မှာပဲ သိသွားတော့တယ်။တစ်အိမ်ထဲအတူတူနေနေတဲ့လူနှစ်ယောက်မို့ အနှေးနဲ့အမြန်သိသွားလိမ့်မယ်လို့ သူမျှော်လင့်ထားပေမဲ့လဲ ဒီလောက်ကြီး မြန်လိမ့်မယ်လို့ထင်မထားတာတစ်ခုပဲ..

သူ့ရောဂါအကြောင်းကို သိသွားသွားချင်း ဖြစ်သွားတဲ့သူ့ချစ်သူရဲ့မျက်နှာကို သူမျက်လုံးထဲကနေတောင်မထွက်ဘူး။တုန်လှုပ်သွားပြီးတော့ တစ်ပြိုင်ထဲလိုလိုမှာ ဘာလုပ်လို့ဘာကိုင်ရတော့မလဲ မသိတဲ့မျက်နှာလေး..ဖြူလျော်နေပြီး ရောဂါရှင်သူ့ထက်တောင်တုန်လှုပ်နေသေးတယ်။

ဒါပေမဲ့အဒမ်က ဟန်ဆောင်ကောင်းတယ်...သူ့ရှေ့မှာတော့ ဘယ်တော့မှအားနည်းတဲ့ပုံစံကိုမပြဘူး။ဒီကိစ္စမှာလဲ အဒမ့်ရဲ့တုန်လှုပ်တဲ့အမူအရာကို ခဏလေးသာမြင်လိုက်ရပြီး အဒမ်လုပ်လိုက်တာက သူ့ကို စိတ်ရောကိုယ်ပါနှစ်ပြီးနှစ်သိမ့်အားပေးတာပဲဖြစ်တယ်။

"ကိုကို အားမငယ်နဲ့ ကျွန်တော်ကချမ်းသာတာမို့ဘယ်နည်းနဲ့မဆို ကိုကို့ကို ဆေးကုပေးနိုင်တယ်"

စကားနဲ့အလုပ်ညီအောင်လဲလုပ်တယ်။ဆရာဝန်တွေဆီကိုသူကိုယ်တိုင်သွားပြီး စကားပြောတယ်။တည်ငြိမ်ဦးကတော့ အဒမ်ဘာလုပ်လုပ်ဒီတိုင်းငြိမ်ခံနေမှာပဲ...အခုသူ့အခြေအနေက သေမထူးနေမထူးပဲ။ဆေးကုလဲ သူအသက်အကြာကြီးရှည်တော့မှာမဟုတ်မှန်းလဲ သူသိထားပြီးသား..အဒမ်ကဆေးကုမယ်ဆိုတော့လဲ သူဆေးကုခံလိုက်ရုံပဲ။သူ့ချစ်သူလေးရဲ့စကားကို ငြင်းဖို့စိတ်ကူးမရှိဘူး။သူ့ကို ပျာပျာသလဲ စိတ်ပူပေးမဲ့လူရှိနေတာကိုက သူသေရကြိုးနပ်သလိုဖြစ်နေပြီ။

ပြီးတော့ အဒမ့်ကို သူတစ်ခုထပ်ပြီးတောင်းဆိုလိုက်တယ်။သူသေမတက်ရောဂါဖြစ်နေတဲ့အကြောင်းကို ဘယ်သူ့ကိုမှမပြောဖို့...သူသေသွားရင်တောင် တိတ်တိတ်ဆိတ်ဆိတ်လေးပဲ သေသွားချင်တယ်။အသုဘကိုလဲလူနည်းနည်းလေးပဲလာရင်ရပြီ။သူ့ဘဝထဲကိုဝင်လာခဲ့တဲ့လူက သေချာရေတွက်ကြည့်ရင် လက်ဆယ်ချောင်းတောင်မပြည့်ချင်ဘူး...အဲ့ဒိ့လက်ဆယ်ချောင်းမပြည့်တဲ့လူလောက်ပဲလာရင်တော်ပြီ။မသေခင်မှာလဲ ရောဂါသည်သူ့ကိုတွေးပြီး စိတ်မကောင်းဖြစ်နေမှာတွေဘာတွေသူမလိုချင်ဘူး။လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ သူက သဘောကောင်းတဲ့တည်ငြိမ်ဦးအနေနဲ့ပဲအမြဲရှိနေချင်တယ်။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now