EIUJNM:Chapter(5)We are just friends,right?
နောက်တစ်ခါ ဆိုင်ကယ်မစီးတော့ဘူးလို့တွေးမိပေမယ့်မိနစ်နည်းနည်းလောက်စီးပြီးချိန်မှာတော့ အဒမ်ဘာလို့ဆိုင်ကယ်စီးနေလဲဆိုတာ သူသဘောပေါက်သွားရပြီ။မျက်နှာကိုလာတိုးနေတဲ့ လေအေးအေးက သူ့ရဲ့ အရေပြားမွှေးညှင်းပေါက်လေးပါမကျန် တစ်ကိုယ်လုံးကိုအေးမြ လန်းဆန်းသွားစေတယ်။
တုန့်ခနဲဆိုင်ကယ်ရပ်သွားတာနဲ့အတူ ဒေါက်ချလိုက်တဲ့အသံကြားမှဝိုင်မျက်လုံးဖွင့်လိုက်တယ်။သူ့မှာဆိုင်ကယ်ဦးထုပ်မပါတာမို့ မျက်လုံးလေးတိုးတဲ့ဒဏ်ကြောင့်စုံမှိတ်ပြီး စီးလာခဲ့ရတာ။စပ်ဖျဥ်းနေတဲ့ သူ့မျက်လုံးသူနှာနှပ်နေတုန်း အဒမ်က ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီးသူ့ကိုငဲ့ကြည့်ရင်းနဲ့...
"မင်း ငါ့ကိုတစ်ညလုံးဖက်ထားမှာလား တစ်ညလုံးဆိုလဲ ဒီမှာတော့မဖြစ်ဘူး ငါ့အခန်းကိုသွားကြမယ်"
"ပေါက်ကရပဲပြောနေလိုက် မင်း!"
အဒမ့်ပုခုံးကို လက်သီးနဲ့ထိုးပြီး ဝိုင်ဆိုင်ကယ်ပေါ်ကဆင်းလိုက်တော့ အဒမ်က ခပ်ဖွဖွရယ်တယ်။ဝိုင် ကျောပိုးအိတ်ထဲက မျက်မှန်ကိုထုတ်တပ်လိုက်တော့ ...
"မျက်မှန်ကြီးတကားကားနဲ့ လာပါပြီ!မင်း Dance floorရောက်ခါမှကျွတ်ကျပြီးလူလည်ခေါင်မမြင်မစမ်းဖြစ်နေမယ်"
"Dance Floor?!"
"အေး!"
ဝိုင်အဝင်ဝက ဆိုင်းဘုတ်ကိုမြင်မှ တကယ့်ကိုClub!သောက်ကျိုးနည်း Club!ဘာလို့သောက်ကျိုးနည်းလဲဆို မိုနီကာတို့နဲ့ အစကသွားဖို့ဆိုပြီးစီစဥ်ထားတဲ့Culbမို့ပဲ...မိုနီကာနဲ့သူ့အစ်မ တကယ်မလာဖို့ပဲမျှော်လင့်ရတော့မယ်။
"မင်းပြောတော့ ရိုးရိုးBarဆို!"
"အင်း!ခုတော့ Clubကိုလာဖြစ်သွားတယ်...ဘာပဲဖြစ်ဖြစ်ခပ်ဆင်ဆင်ပါပဲကွာ..ချေးမများစမ်းနဲ့"
"ချေးများတာမဟုတ်ဘူးဟ!ငါ့သူငယ်ချင်းနဲ့တိုးမှာစိုးလို့ သူတို့နဲ့သွားဖို့ကို နားချင်လို့မသွားတော့ဘူးငြင်းထားလို့!"
"သြော်...ဘာဖြစ်လဲ နင့်ထက်ငါသူ့ကိုပိုချစ်သွားလို့ သူနဲ့သွားတာလို့ပြောလိုက်!"
![](https://img.wattpad.com/cover/294505431-288-k170337.jpg)
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]