EIUJNM:Chapter(22)မင်းဆွေးနွေးပေးတဲ့လူဆီသွားသင့်တာမဟုတ်ဘူးလား??
🚨Warning 18🚨
"Fuck!!"
ဝိုင်ရေကန်ထဲနေဝုန်းခနဲထရပ်လိုက်မိတဲ့အထိအံ့ြသသွားရတယ်။ဖုန်းကိုမျက်လုံးအပြူးသားနဲ့ကြည့်နေမိရင်း မျက်တောင်တောင်မခတ်မိတဲ့အထိမင်သက်နေမိပြီး ရပ်နေတဲ့အတိုင်းအေးခဲသွားတော့မတတ်...
ဘာလား??အခုလေးတင်အဒမ်ပို့လိုက်တဲ့စာက ဘာကြီးလား??
သူ့လက်ကKey Boardအပေါ်မှာ ဟိုဟိုဒီဒီပြေးလွှားနေပေမဲ့ တကယ်တမ်းကျဘာရိုက်ရမလဲမသိဘူး။ပို့လိုက်တဲ့စာကြီးကလဲ ငါ့လခွမ်း!!အဒမ်လင်းညိုရေ..
သူစိတ်လှုပ်ရှားမှုနဲ့အတူ ပျာယာခတ်နေတဲ့အချိန် အဒမ့်ဆီကစာပြန်ဝင်လာတယ်။
[ဆောရီး!လန့်သွားလား][မလန့်ပါဘူး..အံ့ြသသွားတာ]
ဟ!ညာလိုက်ပြန်ပြီ!!
သေချာပေါက်သူလန့်သွားတာပေါ့...ဒါပေမဲ့သူလန့်တယ်လို့ပြောလိုက်လို့တစ်ဖက်လူအရှက်ရသွားမှာသူမလိုလားဘူးလေ။အဒမ်နဲ့ပတ်သတ်ရင်သူမုသာဝါဒကံတွေဘယ်လောက်ထိတောင်ကျူးလွန်ဖြစ်နေပြီလဲဆိုတာတွေးတောင်မတွေးရဲဘူး။ကြာလာတော့ အဒမ်လင်းညို အဆင်ပြေဖို့ဆို သူ့စိတ်ထဲအမှန်တကယ်ဘာဖြစ်နေနေလိမ်ညာချလိုက်မိတော့တာ။သူ့ဦးနှောက်ထဲက အမိုင်ဒလာဆိုတဲ့အစိတ်အပိုင်းကတော့ အဒမ်လင်းညိုနဲ့ပတ်သတ်ရင်လုံးဝပျက်စီးနေပြီ။သေချာတယ်။သူစာပို့ပြီးပြီးချင်း ဖုန်းဝင်လာတာမို့အသံကိုတတ်နိုင်သမျှပုံမှန်လိုထိန်းရင်း ဖုန်းဖြေလိုက်တယ်။
"Hello..."
တစ်ဖက်က အဒမ်က ထူးထူးခြားခြားရှက်နေပုံပဲ..အမ်း ..အင်း..အဲ နဲ့စကားစကတော်ရုံကိုထွက်မလာဘူး။နောက်ဆုံးတော့ သူပဲစကားစပေးလိုက်ရတော့တယ်။သူ့အဖြစ်ကလဲနော်...
"မင်း ရှက်နေတာလား"
အဒမ်က ရယ်ကျဲကျဲအသံနဲ့.."အေးပေါ့ဟ!မင်းမှပြောတတ်တယ်"
အေး!!ငါလဲရှက်တယ်!!
"ဘာရှက်စရာလိုလို့လဲ..မင်းနဲ့ငါနဲ့က ဘယ်လိုတောင်ရင်းနှီးတဲ့လူတွေမို့လို့လဲ"
![](https://img.wattpad.com/cover/294505431-288-k170337.jpg)
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]