Chapter(29)

3K 228 5
                                    

EIUJNM:Chapter(29)နာကျင်မှုကိုတောင့်ခံနိုင်သေးတယ်...

"Happy Birthday ကိုကို"

"Happy Birthday ဦးတည်!"

ကလေးများရဲ့ဝိုင်းဆုတောင်းသံကြောင့် တည်ငြိမ်ဦးစိတ်လှုပ်ရှားသွားပြီးအဒမ့်လက်ကို ဖျစ်ညှစ်လိုက်တော့ အဒမ်က ပုခုံးလေးကိုဖက်လို့နှစ်သိမ့်တယ်။တကယ့်ကို Emotional Touchဖြစ်စေတဲ့အခိုက်အတန့်လေးပဲ...ဘေးလူတစ်ယောက်အနေနဲ့ ဝိုင့်အမြင်ကိုပြောရရင်လဲ တကယ်ကြည်နူးစရာကောင်းပါတယ်။

ကလေးတွေနဲ့ ကိတ်ခွဲပြီး လှူစရာရှိတာတွေလဲလှူလိုက်တော့ကလေးတွေရဲ့ပျော်ရွှင်နေကြတဲ့ပုံကို ကြည့်ရင်းတည်ငြိမ်ဦးပါပျော်ရွှင်လာရတယ်။သူတို့ငယ်ငယ်တုန်းကဆို အလှူရှင်တွေက သိပ်မများသေးတော့ တစ်ခါတစ်လေလာတဲ့အလှူရှင်က အရုပ်လေးတွေပေးရင်အရမ်းပျော်တာ...

"Happy Birthday သားလေး...ခုချိန် မမစိန်သာရှိရင် အရမ်းပျော်နေမှာ"

အန်တီရွှေကဘေးကိုရောက်လာပြီး သတိတရပြောတယ်။အန်တီရွှေ့ကို သူ လှည့်ကြည့်ပြီး ...
"ဟုတ်တယ် အန်တီရွှေ..ကျွန်တော် အန်တီစိန့်ကို အခုတလော အရမ်းသတိရတာပဲ..ကျွန်တော့်မွေးနေ့ဆို အန်တီစိန်အမြဲစီစဥ်ပေးနေကျ"

ပြောနေရင်း အန်တီရွှေက မျက်ရည်ဝဲလာပြီး သူ့လက်ကိုဖျစ်ညှစ်အားပေးလာတယ်။တည်ငြိမ်ဦးလဲဝဲတက်လာတဲ့မျက်ရည်ကိုထိန်းမနေတော့ဘူး။အန်တီရွှေက ဆုံးသွားတဲ့ အန်တီစိန်ရဲ့ညီမအရင်းအန်တီစိန်ကသူတို့ဂေဟာရဲ့တည်ထောင်သူ၊သူ့အပေါ်ကို အမေအရင်းထက်တောင်ကောင်းသေးတဲ့ နတ်သမီးလိုအမျိုးသမီးပဲ။
သူလဲ သိပ်မကြာတော့တဲ့နှစ်တွေမှာ အန်တီစိန့်ကိုတွေ့ရတော့မှာပါ။

အန်တီရွှေက သူ့မျက်နှာကို ဖွဖွလေးထိလိုက်ပြီး စိုးရိမ်မကင်းတဲ့အသံနဲ့ပြောလာတယ်..."သားလေး နေကောင်းရဲ့လား...ပိန်သွားသလိုပဲ"

"ကောင်းပါတယ် အန်တီရွှေ..ခုတလော အလုပ်ကလဲ ပင်ပန်းလို့"

"အင်း အလုပ်ကြီးပဲကုန်းလုပ်မနေနဲ့ဦး..." အန်တီရွှေကစကားစကိုခဏဖြတ်ထားပြီး ကလေးတွေနဲ့ စကားပြောနေတဲ့ အဒမ်နဲ့ဝိုင့်ကိုလှမ်းကြည့်ရင်း.."ကောင်လေးနဲ့ရော အဆင်ပြေရဲ့လား..သူ့ဘေးကဘယ်သူလဲ ချောချောလေးပဲ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now