Chapter(33)

3.3K 242 6
                                    

EIUJNM:Chapter(33)သူ့ကိုခိုးချစ်နေရတာ ငါ့အတွက်အကျင့်လိုတောင်ဖြစ်နေပြီ...

"ကျွန်တော်ထွက်လာနေပြီ ကိုခန့်...နေရာကိုကျွန်တော်သိတယ်"

Hotel Adam ဆိုပြီး စာလုံးအကြီးကြီးတွေချိတ်ထားတဲ့ အထပ်မြင့်အဆောက်အဦရှေ့ရောက်တော့ ဝိုင်ကွေ့ဝင်လိုက်တယ်။အဒမ့် ဟိုတယ်မြင်တိုင်း သူပြုံးမိတယ်...အဒမ်ကသူ့ကိုဟိုတယ်မဖွင့်မီ ဟိုတယ်နာမည်ကူစဥ်းစားခိုင်းသေးတယ်။သူ့မှာတော့ ဦးနှောက်ကို အရည်ညှစ်လို့ နာမည်လှလှလေးတွေစဥ်းစားပေးတာပေါ့။နောက်ဆုံး အဒမ်ပေးလိုက်တော့လဲ Hotel Adamတဲ့။အဲ့နာမည်ကိုပေးရတဲ့ အကြောင်းကလဲ သူနဲ့သူ့ဟိုတယ်ကိုတွဲမှတ်မိစေဖို့...လူAdamကိုမြင်ရင် Hotel Adamကိုမြင်ယောင်ပြီး Hotal Adamရှေ့ရောက်ရင် လူAdamကိုပါသတိရအောင်တဲ့။သူ့မှာအံ့သြလို့မဆုံးဘူး...

"ကိုခန့်စောင့်ရတာကြာသွားလား"

"မကြာပါဘူး..ဝိုင်လမ်းပျောက်နေလို့လား"

ထပ်သရီး!!ကိုခန့်ကတော့လုပ်ပြီ!သူဒီဟိုတယ်ကို လာဖို့အတွက် မျက်စိမှိတ်မောင်းတောင်ရတဲ့အကြောင်းမသိသေးဘူးထင်တယ်..ဒါပေမဲ့ ထုတ်တော့မပြောတော့ပါဘူးလေ။

"လမ်းပျောက်ရအောင် တောကြီးမျက်မည်းထဲရောက်နေတာမှမဟုတ်တာကို ကိုခန့်ကလဲ"

ခန့်ဇာနည်ကရယ်ရင်း ..."ဟုတ်ပါပြီ..ဝိုင်ဘာသောက်မလဲ"

ဝိုင်Menuကိုကြည့်ရင်း Ice-amaricano နဲ့Red velvet ပဲမှာလိုက်တယ်။ဝိုင်နှုတ်ခမ်းကို စုလိုက်ရင်း.."ကိုခန့်ကလဲ ဒီကိုရောက်လက်စနဲ့ ကော်ဖီဆိုင်မှာပဲထိုင်ရသေးတယ်...Fine Diningလေးဖြစ်ဖြစ်တော့မကျွေးဘူး"

"ဝိုင်ကစားချင်လို့လား"

"အယ်...ဟားဟား ကိုခန့်ကတော့လုပ်ပြီ"

"စားချင်ရင် သွားမယ်လေ..နေ့လည်စာလဲစားပြီးချိန်ကြီးဆိုပြီး ကိုယ်ကရိုးရိုးရှင်းရှင်းလေးပဲကော်ဖီဆိုင်ကိုရွေးလိုက်တာ"

"မစားချင်ပါဘူး...စတာပါ.."

"စားချင်လဲမကျွေးပါဘူး...ပန်းကန်ပြားထဲ ဟိုဟာပိစိ ဒီဟာညှောင့်တောက်ထည့်ထားတာကို ဝိုင် ဝမှာမို့လို့လား...ကိုယ်ကတော့မဝပါဘူး ဟော့ပေါ့ဘူဖေးကမှမိုက်ဦးမယ်"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now