EIUJNM:Chapter(26)တစ်ဖက်သတ်ချစ်ရတာ ပင်ပန်းတယ်
"Love You..."
အဲ့စကားပြောပြီးပြီးချင်းမှာအကုန်လုံးခဏတာတိတ်ဆိတ်သွားတယ်။အပြင်လောကမှာရော ဇာတ်လမ်းထဲမှာရော...
ဒီအခိုက်အတန့်..လောလောဆယ်အခိုက်အတန့်လေး..ဝိုင်ရင်တွေခုန်နေမိတာ အမှန်တရားပဲ..တစ်ယောက်နဲ့တစ်ယောက်အကြည့်မခွာနိုင်တဲ့ အချိန်ခဏလေး။ဆယ်စက္ကန့်တိတိကြာတယ်...
တိတ်ဆိတ်သွားပြီးနောက်သူ့ကိုကြည့်နေတဲ့ အဒမ့်ကို ပြုံးပြလိုက်ရင်း စာသားတွေကို ဆက်ရွတ်လိုက်တယ်။ဇာတ်လမ်းကဆက်သွားနေပြီ..သူလဲဆက်သွားဖို့လိုတယ်။
[Like a sister loves a brother and a friend loves a friend]
"Like a sister loves a brother and a friend loves a friend"
(ညီမတစ်ယောက်ကအစ်ကိုကိုချစ်သလိုမျိုး..ပြီးတော့ သူငယ်ချင်းတစ်ယောက်ကသူငယ်ချင်းတစ်ယောက်ကိုချစ်သလိုမျိုးပေါ့)ပြောပြီး..ဝိုင် မျက်နှာလွွှဲ ခပ်ယဲ့ယဲ့လေးပြုံးပြီး အံကိုကြိတ်လိုက်တယ်။တကယ်တော့ သူရော ရိုစီရောက ကိုယ်ချစ်တဲ့လူကို ဝန်ခံဖို့သတ္တိမရှိကြဘူး။ဝန်ခံလိုက်လို့ အခြေအနေတွေကပြောင်းကပြန်ဖြစ်သွားမှာကိုတွေးပြီးကြောက်တယ်။အဲ့ဒါကြောင့် ကိုယ့်ဝေဒနာတွေကို ကိုယ်ရင်ဝယ်ပိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်ခံစားနေကြတာပဲ..
အဒမ်က မိန်းမောနေရင်းကနေ အံ့ြသသလိုမျက်ခုံးပင့်ပြီး ဟက်ခနဲရယ်လိုက်တယ်။."မင်းတကယ်ကိုအလွတ်ရနေတာပဲ"
ဝိုင်မျက်နှာလွှဲလိုက်ရင်း..."အင်း..."
"ငါ အိပ်တော့မယ် မင်းရော"
"ငါလဲ ခဏနေအိပ်မယ်"
"အင်း...မင်း ..အိပ်ယာခင်းလဲပြီးပြီမလား"
"အင်း"
အဒမ် အိပ်ယာဆီကိုထွက်သွားတော့ နားကြပ်တပ်ပြီး သူဇာတ်လမ်းကိုပြန်ဖွင့်လိုက်တယ်။သူလဲ အရမ်းအိပ်ချင်နေပြီဆိုပေမဲ့ အဒမ်နဲ့အတူတူတော့အိပ်ယာဝင်မှာမဟုတ်ဘူး။တဖြည်းဖြည်းနဲ့လောဘတက်စေမဲ့ အပြုအမူတွေအကုန်လုံးကိုသူရှောင်တယ်။ရောင့်ရဲတင်းတိမ်နိုင်မှ သူဒီဆက်ဆံရေးကိုထိန်းနိုင်မှာ...
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]