Chapter (8)

3.4K 285 1
                                    

EIUJNM:Chapter (8)"မင်းကိုကြွေစရာလား..ငါတို့တွေကသူငယ်ချင်းတွေ..."

"ဟဲ့ နင်တို့ ဘယ်လိုဖြစ်လို့ အချုပ်ခန်းထဲထိရောက်နေတာလဲ ပြီးတော့ ရှင်းသန့်မျက်နှာက ဖူးယောင်နေတာကရော ဘာလို့လဲ"

စခန်းအပြင်ကိုရောက်ရောက်ချင်း တရစပ်မေးခွန်းတွေထွက်လာတဲ့ မိုနီကာ့ကို ဝိုင် လက်ကာပြလိုက်ရင်းဖုန်းကိုထုတ်လိုက်တယ်။မိုနီကာရဲ့မေးခွန်းတွေကို ဖြေဖို့သူ့မှာ အချိန်မရှိသေးဘူး။

ရဲစခန်းထဲက ထွက်လာလာချင်းမှာပဲ ဝိုင့်မှာအရေးတကြီးလုပ်ရမှာရှိတယ်။ ကိုရီးယားစီးရီးတွေထဲကလို တို့ဟူးစားတာတော့ ဘယ်ဟုတ်ပါ့မလဲ အိမ်ကိုလှမ်းပြောရတာ။ဖုန်းဖွင့်လိုက်တာနဲ့ထင်ထားတဲ့အတိုင်း သူ့Call logတစ်ခုလုံးက နီရဲနေပြီ။စုတ်တီးပြတ်တတ် ဒီပုံစံနဲ့အိမ်ပြန်လို့လဲမဖြစ်သေးဘူး။

ဖုန်းကတစ်ချက်ပဲဝင်လိုက်ရတယ်...တန်းကိုင်ပုံအရသူ့အမေက ဖုန်းဘေးမှာပဲအဆင်သင့်စောင့်နေပုံပဲ။

သူတံတွေးမျိုချပြီး အသံကိုအတက်နိုင်ဆုံးပုံမှန်အတိုင်းလုပ်ရင်း...

"ဟဲလို မား...ဝိုင်ဒီနေ့ အိမ်ပြန်မလာတော့ဘူးနော်..."

"ဘာဖြစ်လို့လဲ သားလေး"

"ဟိုဟာ...ဝိုင်တို့အဖွဲ့လိုက်တင်ပြချက်က ခုထိမပြီးသေးလို့ဆက်လုပ်ရမှာ..."

"ကျောင်းမှာလား"

"မဟုတ်ဘူး မား...ဝိုင်နဲ့မိုနီကာ မမနေနုရဲ့အခန်းမှာအတူတူလုပ်မှာ"

တစ်ဖက်က သူ့အမေကခဏလောက်တိတ်ဆိတ်သွားတယ်။သားပျိုလေးနဲ့သမီးပျိုလေး အတူရှိမယ့်အရေးကိုတွေးပူသွားတယ်ထင်တယ်။

"သားတို့နှစ်ယောက်ထဲလား"

ဝိုင် အပြင်မှာပါခေါင်းခါလိုက်မိပြီး..."ဘယ်ဟုတ်မလဲ မား...မမနေနုလဲရှိမှာပေါ့..."

အဲ့အခါမှ သူ့အမေကစိတ်အေးသွားပုံနဲ့ သက်ပြင်းချပြီး ခပ်သာသာရယ်လိုက်တယ်။

"အေးပါ အေးပါ...နေနေ့ကိုလဲအိမ်လာလည်ဖို့ပြောလိုက်ပါဦး သားလေး..မား သတိရနေတာလို့"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now