Chapter(43)

1.6K 31 1
                                        

EIUJNM:Chapter(43)ထားခဲ့မယ့်နေ့ဆိုတာရှိလာမှာမဟုတ်ဘူး

အဒမ်က ဝိုင့်ရဲ့နှုတ်ခမ်းတွေကို မိနစ်များစွာအပိုင်သိမ်းထားတဲ့အပြင်သူ့ကိုဖက်ထားတဲ့လက်မောင်းတွေကလဲ တစထက်တစပိုပိုပြီးတင်းကြပ်လာတယ်။ကြာလာတော့ ဝိုင်နမ်းနေလို့အသက်ရှုမဝတာထက် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံထားလို့အသက်ရှုမရတာမျိုးဖြစ်လာတယ်။သူ့ရဲ့အသက်ရှုသံက မူမမှန်ဖြစ်လာတာကို အဒမ်သိတော့ နမ်းနေတာကိုရပ်လိုက်ပြီး စိတ်ပူတဲ့အသံနဲ့မေးလာတယ်။

"ဘာဖြစ်လို့လဲ?အသက်ရှုကြပ်လို့လား"

ဝိုင်ရှုံ့မဲ့မဲ့လေးခေါင်းညိတ်ပြလိုက်တော့ အဒမ်က.."အဲ့ဒါဆိုလဲမနမ်းတော့ဘူး...ဖက်ပဲဖက်ထားတော့မယ်"

"မဟုတ်ဘူး နမ်းလို့မဟုတ်ဘူး..."

"အဲ့ဒါဆိုဘာလို့လဲ"

"မင်းငါ့ကိုမတရားဖက်ထားလို့...ခဏလွှတ်ဉီး ငါမခံနိုင်တော့ဘူး"

ဝိုင့်ရဲ့မောသံစွက်နေတဲ့အသံလေးကိုကြားတော့မှ အဒမ်ကသူဖက်ထားတဲ့လက်မောင်းတွေကို နည်းနည်းလေးလျော့လိုက်တယ်။နည်းနည်းလေးမှတကယ့်နည်းနည်းလေး...

အဒမ်ကသူ့ကိုနောက်ထပ်ပြန်ငုံ့ကြည့်ရင်း..."ရပြီလား ဒီလောက်ဆို!"

ဝိုင်ရယ်ရမလိုငိုရမလိုဖြစ်သွားရပြီး ..."ဘယ်လိုလုပ်ရမှာလဲ...မင်းဖြေပေးတာ ပိစိလေးလေ...ခဏလွှတ်ပေးဉီး!"

အဒမ့်မျက်နှာက မုန့်လုခံလိုက်ရတဲ့ ကလေးလိုမကြည်မလင်ဖြစ်သွားတယ်။ပြီးတော့ ခုနကဖြေလျော့လိုက်တာထက်နည်းနည်းလေး ပိုလျော့လိုက်ပြီး..."ရပြီလား ဒီလောက်ဆို!ဒါ့ထက်တော့လျော့မပေးနိုင်တော့ဘူး...တကယ်လို့မင်းအသက်ရှုကြပ်ပြီး သတိလစ်သွားလဲ ငါCPR ကောင်းကောင်းလုပ်တတ်တယ်"

ဝိုင်မျက်ခုံးတွေပင့်တက်သွားရပြီး မရယ်ပဲမနေနိုင်တော့ဘူး...'သူ့လုပ်ရပ်ကအမှန်ကန်ဆုံး' ဆိုတဲ့မျက်နှာထားနဲ့ရပ်နေတဲ့ အဒမ့်ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး အသဲယားယားနဲ့မေးဖျားလေးကို ဖွဖွလေးလှမ်းကိုက်လိုက်ရင်း..."မင်းဘာတြွေဖစ်နေတာလဲ!"

အဒမ်ကသူ့ကိုမျက်လွှာချကြည့်ရင်း..."ငါမင်းကိုဖက်ထားချင်လို့လေ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now