Chapter(25)

3.9K 271 38
                                        

EIUJNM:Chapter(25)ငါပင်ပန်းလို့လေ..ငါပင်ပန်းအောင်ဘယ်သူလုပ်ထားတာလဲ

လူတွေပြောကြတာကအချစ်နဲ့ လိင်ဆက်ဆံခြင်းကအတူတူတွဲနေတာတဲ့...သူအဲ့အချက်ကိုတော့ သိပ်လက်မခံချင်ဘူး။လူတွေက မချစ်ဘဲနဲ့လဲ ကိုယ်နဲ့ဟာမိုနီညီတဲ့လူနဲ့  Casual Sex (ပေါ့ပေါ့ပါးပါးလိင်ဆက်ဆံခြင်း) အတွက် လိင်ဆက်ဆံနိုင်သလို ချစ်နေပေမဲ့လဲ ကိုယ့်သာယာမှုကိုကိုယ့်ရဲ့လက်တွဲဖော်ဆီကနေမရတာမျိုးရှိတယ်။
အဲ့ဒါကြောင့် အချစ်နဲ့ Sexက သိပ်တော့ အတွဲလိုက်ရှိမနေဘူးလို့သူကတော့ပြောချင်တယ်။

ဝိုင်နဲ့သူ့ရဲ့ဆက်ဆံရေးကတော့တော်တော်လေးအဆင်ပြေတယ်။ပေါ့ပေါ့ပါးပါးလိင်ဆက်ဆံတာမို့ အခြားဒရာမာတွေကင်းတယ်။ဝိုင်က အခြားအချိန်တွေမှာ နည်းနည်းမာကြောကြောနိုင်တယ်လို့ထင်ရပေမဲ့ ကုတင်ပေါ်ကျရင် စွဲမက်ဖွယ်ကောင်းတဲ့ကြောင်လေးလိုပဲ...တစ်ခါတစ်လေမှာ နူးညံ့ပြီး တစ်ခါတစ်လေမှာကျ ဆန့်ကျင်တယ်။သမားရိုးကျပုံစံမဟုတ်တဲ့ ပုံကအရမ်းသဘောကျဖို့ကောင်းတယ်။

တကယ်တော့ ပေါ့ပေါ့ပါးပါးလိင်ဆက်ဆံတယ်ဆိုတာက ပြောတော့သာပေါ့ပေါ့ပါးပါးဆိုပေမဲ့ လူ့စိတ်ကိုတော်တော်လေးလွှမ်းမိုးနိုင်တဲ့အရာပဲ...လူတိုင်းနီးပါးမှာအမှောင်ဘက်ခြမ်းဆိုတာရှိတယ်။ခိုးကြောင်ခိုးဝှက်လုပ်ရတာတဲ့အရသာက ကြောက်ဖို့ကောင်းပေမဲ့စိတ်လှုပ်ရှားစရာအပြည့်မို့ အဲ့ခံစားချက်ကသောက်လေသောက်လေ ငတ်မပြေတဲ့ ပင်လယ်ဆားငံရေလို ဖြတ်တောက်ရခက်တဲ့ မူးယစ်ဆေးလို လူ့စိတ်ကိုစွဲလမ်းစေတယ်။

သူ့မျက်စိအောက်ကချွေးတွေနဲ့​စိုလဲ့နေတဲ့ ကျောပြင်လှလှလေးကိုကြည့်ပြီးအဒမ့်စိတ်တွေက အရှိန်တငြီးငြီး...
ဝိုင့်ရဲ့နှုတ်ခမ်းကြားကနေ တိုးတိုးတိတ်တိတ်ပျံ့လွင့်လာတဲ့ ညည်းသံလေးကသူ့ရဲ့ရမက်မီးတောက်ကို မီးစာထပ်ထည့်ပေးလိုက်သလိုပဲ...သူ့ရဲ့အားအင်တွေအကုန်လုံးကို ဝိုင့်အပေါ်မှာ ဖိနှိပ်ထားရင်း ကုန်ဆုံးပစ်လိုက်ချင်တာမျိုး။

ကျောအလယ်က ဖြောင့်စင်းနေတဲ့တူးမြောင်းလေး ကနေမို့မောက်နေတဲ့နူးညံ့တောင်ကုန်းပြေပြေလေးအထိသူ စုန်ချီဆန်ချီ အနမ်းခြွေရတာကို သူရပ်လို့တောင်မရချင်ဘူး။ဝိုင့်ရဲ့တစ်ကိုယ်လုံးကိုမူလအသားအရောင်​ပျောက်တဲ့အထိ အမှတ်ရာချန်ရတာကို သူသဘောကျတယ်။အမှတ်ရာတွေကိုပြန်မြင်တိုင်း သူ့ရဲ့ အာူထုတ်မှု သူ့ရဲ့လုပ်ဆောင်ချက်ဆိုပြီး ဂုဏ်ဆာချင်တာမျိုး...သူ့လုပ်ရပ်က စိတ္တဇလူသတ်သမားက သူ့ရဲ့မှုခင်းနေရာကို ပြန်လာကြည့်ပြီးအားရကျေနပ်သလိုမျိုးပဲ။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now