EIUJNM:Chapter(50)နွေးထွေးအားပြည့်တဲ့လက်ဖဝါးလေး
လက်ထပ်ခြင်း...
အဲ့စကားလုံးကသုံးလုံးထဲဆိုပေမဲ့ အရမ်းအလေးချိန်ရှိတယ်။သူများတွေတော့မသိဘူး ဝိုင့်စိတ်ကိုတော့ အရမ်းစိုးမိုးနိုင်တယ်။အခုဆို ဝိုင့်မှာ အလုပ်တွေရှုပ်လို့ ကုတ်တောင်မကုပ်အားရတဲ့အထဲ အဲ့စကားကြောင့်အခြားအလုပ်တစ်ခုကပါတိုးလာတယ်။
အဲ့ဒါက အဒမ့်ကို သူ့အိမ်နဲ့မိတ်ဆက်ပေးဖို့...ချစ်သူရည်းစားတွေဖြစ်ပြီး နှစ်ကိုယ်တူ အိမ်ထောင်တစ်ခုတည်ထောင်ဖို့တွေးလိုက်ပြီဆိုတာနဲ့ မိဘအသိုင်းအဝိုင်းကိုချန်ထားခဲ့လို့မရဘူး။တစ်ခါထဲထည့်စဥ်းစားရတော့မှာ။အဲ့တော့ အချင်းချင်းမိတ်ဆက်တာကနေစရမှာပေါ့...
သူအပြန်ပြန်အလှန်လှန်စဥ်းစားပြီး ပထမဆုံးအနေနဲ့ သူ့အမေဆီကို Introဝင်လိုက်တယ်။
"မား..ဝိုင်ပြောစရာရှိတယ်"
သူ့အမေကစာရင်းစာရွက်ကနေမျက်လုံးမခွာဘဲ...
"အင်းပြောလေသားလေး"
"ဝိုင်အိမ်ထောင်ပြုရင် မားတို့လက်ခံမှာလား"
သူ့အမေမျက်နှာကပြုံးသွားတယ်။ပြီးတော့ စာရင်းစာရွက်ကနေမျက်လုံးခွာလိုက်ပြီးမျက်မှန်ကိုချွတ်ရင်း သူ့ဘက်ကိုသေချာလှည့်ကြည့်တယ်။သူ့ဆံပင်လေးတွေကိုသပ်ပေးရင်း.."သားလေးက ချစ်သူရှိနေပြီပေါ့...အိမ်ထောင်တောင်ပြုချင်နေပြီလား"
ဝိုင်ရှက်သွားရတယ်...သူ့အမေနဲ့ဘယ်လောက်ရင်းနှီးတယ်ပြောပြော ဒီအကြောင်းတွေကိုဆွေးနွေးနေရတာ နည်းနည်းကို့ရို့ကားယားနိုင်တယ်။သူမဖြေတော့ သူ့အမေကပဲဆက်မေးတယ်။
"ဖြေလေ ဝိုင်ရဲ့...စပြောတုန်းကပြောပြီး အခုကျရှက်နေပြန်ပြီ"
"ဟုတ်တယ်...မားရဲ့ ရှက်တာပေါ့"
"ကဲပါရှက်မနေပါနဲ့ မားတောင်မရှက်ဘူး...ပြောပါဦး သားကောင်လေးအကြောင်း ချောလား..နာမည်ကဘယ်လိုခေါ်လဲ"
ဝိုင်ခေါင်းညိတ်လိုက်ပြီး..."နာမည်က အဒမ်လင်းညိုတဲ့..."
"အဒမ်လင်းညို!.ကပြားလား"
"ဟုတ်..ပြီးတော့ ချောတယ်သိလား ဟီး..အရပ်ကလဲအရှည်ကြီးပဲ...အသားကလဲဝိုင့်ထက်ဖြူတယ်"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)