EIUJNM:Chapter(21)သူကဘာလို့ရုတ်တရက်ကြီး ရေဆာလာရတာလဲ??
"လင်း..."
နောက်ကျောကနေသိုင်းဖက်လာတဲ့လက်တွေကို ငုံ့ကြည့်လိုက်ရင်း အဒမ်လုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်တယ်။အခုလိုမျိုးတည်ငြိမ်ဉီးရဲ့အပြုအမူလေးတွေကသူ့ကိုကြည်နူးစေပြီးသူရပ်နေတဲ့နေရာကို အိမ်လို့ခံစားမှုမျိုးရစေတယ်။သူ့အဖေနဲ့အမေမလုပ်နိုင်တဲ့ သာယာတဲ့အိမ်ထောင်ဆိုတာမျိုးသူလုပ်ပြချင်တယ်။
တည်ငြိမ်ဉီးက သူ့နောက်ကျောမှာပါးကိုပျင်းရိပျင်းတွဲအပ်ထားရင်း အိပ်ယာနိုးစအသံအက်အက်လေးနဲ့..."လင်း ဘယ်တုန်းကနိုးနေတာလဲ"
"လွန်ခဲ့တဲ့လေးဆယ့်ငါးမိနစ်လောက်က..မျက်နှာသွားသစ်လေကိုကို မနက်စာရပြီနော်"
"အင်း..အင်း "
တည်ငြိမ်ဉီးက သူ့နောက်ကျောကို ဖိနမ်းလိုက်ရင်း သူ့အပါးကနေခွာသွားတော့တယ်။အဒမ် ဂတ်စ်မီးဖိုကို ပိတ်လိုက်ရင်း ထမင်းကြော်အိုးကိုဘေးကိုချလိုက်တယ်။ပြီးတော့ ပန်းကန်ထဲကို ထည့်ပြီး တစ်ခါတည်း ကော်ဖီကိုပါဖျော်လိုက်တယ်။
တည်ငြိမ်ဉီးထွက်အလာကိုစောင့်ရင်း အဒမ် လိုက်ကာတွေကို လိုက်ဆွဲဖွင့်ထားပြီး နေရောင်နုနုလေးဝင်လာအောင်ဖန်တီးထားလိုက်တယ်။အိမ်ကတော့ရှင်းသင့်သလောက်တော့ရှင်းနေတာမို့တည်ငြိမ်ဉီးပဲရှင်းထားတာဖြစ်မယ်။မနက် ၇နာရီနေရောင်က နုပေမယ့်စူးရှရှ နိုင်နေတယ်။သူ့အကျင့်ကတစ်မျိုး မျက်နှာစာတစ်ခုလုံးမှန်တွေနဲ့ကာထားတဲ့ ကွန်ဒိုမှာနေပေမဲ့ မနက်စောစောမှာမျက်နှာကိုနေရောင်လာထိမှာမလိုလားဘူး။မျက်စိကျိန်းလို့!!
သူက တအားလင်းတာကိုမကြိုက်ပေမဲ့ တည်ငြိမ်ဉီးကတော့ကြိုက်တာမို့သူ့အခန်းကိုတည်ငြိမ်ဉီးလာအိပ်တိုင်း မနက်ခင်းတိုင်း သူလုပ်တဲ့အလုပ်က အဲ့ဒါတွေပဲ...မနက် ၆နာရီလောက်ထ မနက်စာစီစဉ်ပြီး လိုက်ကာတွေလင်းချင်းနေအောင်ဖွင့်ထားတာ။
ခဏနေတော့ ရေချိုးခန်းထဲကနေ တည်ငြိမ်ဉီးထွက်လာတယ်။အဒမ် စိုက်ကြည့်နေတော့ မျက်နှာတည်တည်လေးမှာ ပန်းရောင်လေးပြေးပြီး သူ့ကိုရှက်ကိုးရှက်ကန်းလှမ်းကြည့်ရင်း..
"ဘာလို့စိုက်ကြည့်နေတာလဲ"
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)