EIUJNM:Chapter(16)သူကစိတ်ကောင်းနဲ့မတန်ဘူး
"ကျစ်!"
ကျောင်းဝန်းထဲကိုခြေချလိုက်ကတည်းက ကွက်ကြည့်ကွက်ကြည့်တွေနဲ့မို့ဝိုင် ဆောင်းထားတဲ့ဦးထုပ်ကိုပိုပြီးခပ်ငိုက်ငိုက်ဆောင်းလိုက်တယ်။လူတွေနဲ့လဲခက်တယ်...သူများအတင်းအဖျင်းဆို မတရားစိတ်ဝင်စားကြတယ်။ဒါတောင် သူကဆယ်လီလဲမဟုတ်သလို ကျောင်းမှာလဲနာမည်မကြီးဘူး။စီးပွားရေးမေဂျာကကြယ်ပွင့်ကြီး ရဲ့ရည်းစားဟောင်း၊နာမည်ကြီး အဒမ်လင်းညိုရဲ့သူငယ်ချင်းဆိုပေမယ့်ပေါ့...Social Mediaကရူးတူးကြောင်တောင်Postတွေကိုအပြီးတိုင်ဖျက်ပစ်လိုက်နိုင်ပေမဲ့ အခြားလူတွေရဲ့အတွေးတွေကိုတော့ ဝိုင်လိုက်မဖျက်ပစ်လိုက်နိုင်ဘူး။အခုဆိုလူတွေက သူ့ကိုဆို ခန့်ဇာနည်ကြောင့်အသဲကွဲနေတဲ့ သနားစရာကောင်လေးလို့ချည်းမြင်နေကြပြီး ဂရုဏာသက်တဲ့မျက်လုံးတွေနဲ့ကြည့်တာခံနေရတယ်။
သူတို့ကိုမျက်မှန်းတန်းမိတဲ့အချို့ဆိုခန့်ဇာနည်ရဲ့ Message Boxထိတောင်သွားပြောကြတယ်တဲ့...သျှေးဝိုင်ဘယ်လောက်ထိသနားဖို့ကောင်းကြောင်းဆိုပြီးလေ။ဝိုင်စိတ်လဲညစ် ရယ်လဲရယ်ချင်ပါပဲ။အဖြတ်ခံရတဲ့ခန့်ဇာနည်ကြီးခဗျာလဲ 'အဖြတ်ခံရတာ ကျွန်တော်ပါ ' ဆိုပြီးထုတ်ပြောချင်ပုံမရတော့ ငါ့ဝမ်းနာငါသာသိဆိုတဲ့စတိုင်မျိုးနဲ့ဝေဖန်ချက်တွေကို ကြံ့ကြံ့ခံနေရတော့တယ်။
စိတ်မကောင်းပါဘူး...အဟီး!!ဘာမဆိုင်ညာမဆိုင်လူတွေက မျိုးစုံနေအောင်ခေါင်းထဲထည့်ကြပေမဲ့ သူထည့်စေချင်တဲ့လူကတော့ မထည့်ပါဘူး။အဲ့နေ့ဖုန်းနဲ့ပြောတာကလွဲပြီး အဒမ့်ဆီကဘာမှပြောသံမကြားရဘူး။
Crushဆိုတာမျိုးကလဲအဲ့လိုဗီဇမျိုးရှိတာမို့ ဝိုင်လဲထွေထွေထူးထူးတွေတွေးပြီးခံစားမနေတော့ဘူး။ဒီနေ့တော့ အတန်းချိန်အတူတူရှိတာမို့ သူတို့နှစ်ယောက်မဖြစ်မနေတွေ့ကြရပြန်တယ်။အတန်းချိန်ပြီးတော့ တစ်နေကုန်မှာအပူဆုံးအချိန်မို့ သူတို့ကျောင်းဝန်းထဲမှာ မိုနီကာကိုစောင့်ရင်းအုတ်ခုံမှာထိုင်ဖြစ်ကြတယ်။သူကမိုနီကာကိုစောင့်ပြီး အဒမ်ကတော့ ကိုတည်ငြိမ်ဦးကိုစောင့်တာပေါ့။
![](https://img.wattpad.com/cover/294505431-288-k170337.jpg)
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]