EIUJNM:Monay_02
"There is only one happiness in this life,to love and be love"
_George Sandမိုနီကာဆိုတဲ့ ဂျစ်တူးမကို နေနုအေးစတွေ့တာသူ့မောင်လေးကြောင့်ပဲ...ကိုးတန်းဖြေအပြီးသူ့မောင်လေးကို နွေရာသီမှာအင်္ဂလိပ်စာပြပေးရင်း အိမ်ကိုလာလာလည်တဲ့ အိမ်လည်မ မိုနီကာနဲ့စတွေ့တာ။
လူတစ်ယောက်နဲ့တစ်ယောက်တွေ့တာမှာ First Expressionက အရမ်းအရေးကြီးတယ်လို့ပြောကြတယ်။အဲ့ဒါကြောင့် အလုပ် အင်တာဗျုးလိုနေရာမျိုး၊အရေးကြီးပုဂ္ဂိုလ်နဲ့တွေ့မယ့်အချိန်မျိုးတွေမှာ ကိုယ့်ရဲ့အရှိန်အဝါကို မြှင့်တင်ပေးနိုင်တဲ့ အဝတ်အစားမျိုး၊စကားမျိုးပြောကြတာ။မိုနီကာကို သူစစသိချင်းမှာပဲပြောနိုင်တဲ့အချက်က ထူးခြားတဲ့ကောင်မလေးဆိုတာပဲ။
သူသိရသလောက် သူနဲ့မိုနီကာက ဝိုင်တို့အိမ်မှာ စတွေ့ကြတာဆိုပေမဲ့ မိုနီကာရဲ့အကြည့်၊အပြုံး၊အပြုအမူတွေအကုန်လုံးက သူ့ကိုနဂိုထဲက သိကျွမ်းခဲ့တဲ့လူလိုပဲ...
စာအုပ်တစ်အုပ်ကိုစာအုပ်အဖုံးကိုကြည့်ပြီးမဆုံးဖြတ်နဲ့တဲ့...ဒါပေမဲ့ နာမည်ကြီး Standing Comedian တစ်ယောက်ကျပြောတယ်။စာအုပ်အဖုံးကိုကြည့်ပြီးမဆုံးဖြတ်လို့ဘယ်ဖြစ်မလဲတဲ့...အဲ့လိုဆုံးဖြတ်စေချင်လို့ပဲစာအုပ်အဖုံးကိုအလှတွေလုပ်ထားကြတာမလားတဲ့။
မိုနီကာက အဖုံးပြောင်ဖုံးထားတဲ့ စာအုပ်နဲ့တူတယ်။အရမ်းသိချင်ရင် မဖြစ်မနေဖွင့်ကိုဖတ်ရမှာ။တမင်သိုဝှက်ထားတာမဟုတ်ပေမဲ့ ဖော်ပြထားလားဆိုရင်လဲ မပြထားဘူး။အသက် ငါးနှစ်ကွာပေမယ့် သူ့ကို အစ်မတစ်ယောက်လိုလဲမဆက်ဆံဘူး။
ဝိုင့်ကို အင်္ဂလိပ်စာသင်ပေးနေတာမို့ အတူတူသင်မလားမေးတော့ မသင်ချင်ဘူးတဲ့...ရိုရိုသေသေဆက်ဆံနေရမှာစိုးလို့တဲ့။ဒါပေမဲ့ သူစာသင်တဲ့ နေ့တိုင်းမှာ မိုနီကာကဘေးမှာအမြဲရှိတယ်။
နောက်ပိုင်းကျ မိုနီကာ့ဆီမှာ အကျင့်တစ်ခုတိုးလာတယ်။သူစိတ်မတိုတိုအောင်လိုက်စတာ။သူက ကင်ဆာ ဆရာဝန်မို့ စိတ်ရှည်တဲ့အထဲမှာပါတယ်။ဒါပေမဲ့ ကြာလေကြာလေ သူ့ကိုလိုက်စတဲ့မိုနီကာကို စိတ်တိုလေပဲ...
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]