Chapter (7)

4.2K 301 14
                                        

EIUJNM:Chapter(7)မင်းကိုသတိရလို့

အဒမ်က သူပေးတဲ့ကတိကိုတည်ပြီး တစ်ပါတ်အတွင်းမှာပဲ သူတို့နှစ်တွဲပြိုင်ချိန်းတွေ့ဖို့ဖြစ်လာခဲ့တယ်။အခြားနေရာတွေထက် သူတို့ အေးဆေးနေလို့ရမယ့် Barကိုပဲ ရွေးခဲ့လိုက်တယ်။အဒမ်ရွေးလိုက်တဲ့ဘားကအေးအေးဆေးဆေးနိုင်တယ် သီးသန့်ဆန်တယ်...ပြီးတော့ အစုံရတယ်။အစုံဆိုတာကို သဘောပေါက်တယ်မလား...ကောင်လေး ကောင်မလေးကနေ မူးယစ်စေတဲ့ အမှုန့် အဖက် အရည် အကုန်လုံးပဲ။အရည်မရအဖက် မရဆိုတာ ဒီဘားနဲ့ မသက်ဆိုင်တဲ့ စကားလုံးတွေ...

ဆိုင်နာမည်ကလဲ 'Final Outlet'တဲ့ နောက်ဆုံးထွက်ပေါက်ပေါ့...တော်သေးတယ် နောက်ဆုံးထွက်သက်မဟုတ်လို့...

အဒမ်က သီးသန့်ခန်းတစ်ခုယူထားပြီးသူတို့ကိုစောင့်နေနှင့်တယ်။ကျယ်ပြန့်တဲ့ နီညိုရောင် ဆိုဖာပေါ်မှာထိုင်နေတဲ့ အဒမ့်ကို တစ်ယောက်ထဲမြင်လိုက်ရတာမို့...အံ့ြသစိတ်တစ်ဝက်နဲ့မေးလိုက်တယ်။

"တစ်ယောက်ထဲလား"

အဒမ်ကခေါင်းခါပြပြီး...
"သူ့ သူငယ်ချင်းတွေလာလို့ ခဏအပြင်ထွက်သွားတာ...မင်းတို့ဘာယူမလဲ"

"ငါက ခါတိုင်းလိုပဲ...ရှင်းသန့်ဘာသောက်မလဲ အဆင်ပြေတာပြောနော်..."

သူကဂရုတစိုက်နဲ့ ရှင်းသန့်ကိုမေးတော့ အဒမ်က မျက်လုံးကိုမှေးကျဥ်းပြီး ပြုံးတုံ့တုံ့ရုပ်နဲ့ကြည့်တယ်။ဘာကြည့်တာလဲ ဆိုတာသူသိတာပေါ့ သူ့ပုံက သကြားဖေဖေက သူ့ဘေဘီလေးကို ချော့မော့နေတဲ့ပုံနဲ့ခပ်ဆင်ဆင်တူနေတာကိုး...

တူလဲမေးမှရမယ် သူ့ရှင်းသန့်လေးက ခုမှ ပထမနှစ်လေး အားကစားသမားကောင်းလေး...သူကဖျက်ဆီးမိသလိုဖြစ်နေသလားတောင်တွေးပူနေမိတာ။

ရှင်းသန့်က အဖြေရကြပ်တဲ့ပုံနဲ့ နားထင်ကိုကုတ်တော့...သူကြားထဲကဝင်ပြောရပြန်တယ်။

"အယ်လ်ကိုဟော မပါတဲ့ဟာတွေသောက်မလား !အဒမ် ဒီမှာ ရတယ်မလား!"

အဒမ်က အရက်ခွက်ကို ဒေါက်ခနဲချလိုက်ရင်း...

"သေချာပေါက်ရတာပေါ့...မင်းကောင်က သောက်နိုင်ပါ့မလားပဲမေးကြည့်ပါဦး ကြည့်ရတာတော့ မင်းထက်တောင်ခံနိုင်ရည်မြင့်တဲ့ပုံပါပဲ"

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now