Chapter(28)

3.7K 233 6
                                        

EIUJNM:Chapter(28)အချစ်ဟော်မုန်းနဲ့စိတ်ဖိစီးမှု

Oxytoxin...
လူတွေပျော်တဲ့အချိန်၊ချစ်ခြင်းကိုခံစားမိတဲ့အချိန်၊လိင်ဆက်ဆံတဲ့အချိန်၊အချင်းချင်းပွေ့ဖက်နမ်းရှုံ့တဲ့ စသဖြင့်အချိန်တွေမှာဦးနှောက်ကနေ Oxytoxinဆိုတဲ့ဓာတ်ကို ထုတ်ပေးတယ်။အဲ့ဒိ့အောက်စီတိုစင်ကို ပဲအခေါ်အဝေါ်တွေအများကြီးနဲ့ခေါ်ကြသေးတယ်။Love Homone(အချစ်ဟော်မုန်း)၊Homone of attachment(သံယောဇဥ်ဟော်မုန်း)၊Cuddle Hormone(ပွေ့ဖက်ခြင်းဟော်မုန်း)၊Happy Hormone၊Feel Good Hormone စသဖြင့်ပေါ့ အမျိုးမျိုးခေါ်ကြတယ်။

ဘာပဲဖြစ်ဖြစ်အောက်စီတိုစင်က လူတွေရဲ့ခံစားချက်ကောင်းကနေအခြေတည်ပြီးထွက်လာတဲ့ဓာတ်ဖြစ်ပြီး သူ့ရဲ့အကျိုးကစိတ်ဖိစီးမှုတွေကိုလျော့ကျပျောက်ကင်းစေတာပဲဖြစ်ပြီးကောင်းကောင်းအိပ်ပျော်စေတယ်။

ခံစားချက်ကောင်းလေးတွေကြောင့်စိတ်လှုပ်ရှားနေမယ်...ဗိုက်ထဲမှာ လိပ်ပြာလေးပျံနေသလို နူးနူးညံညံရင်ခုန်နေမယ်...ခန္ဓာကိုယ်ထဲကိုရေနွေးစီးကြောင်းလေးဖြတ်သန်းသွားသလို နွေးထွေးသွားမယ်၊ချွင်းခနဲ ချွင်းခနဲ ရောင်စုံမီးပန်းဖောက်သလို လှပနေရင် အောက်စီတိုစင်ကြောင့်ပဲ...အချစ်ကိုခံစားမိနေတဲ့အချိန်လှလှလေးတွေပေါ့။

အ​ဲ့ဒါကြောင့် ဟန်ထွန်းက ..{အချစ်နဲ့ထိတွေ့တဲ့ အခါ ကမ္ဘာမြေတစ်ခွင်ဟာ လှသွား..နူးနူးညံ့ညံ့အကြည့်မှာ မင်းလောက်အရေးကြီးတဲ့အရာမရှိပါ} လို့ဆိုထားတာဖြစ်မှာ..

အခုလဲ ဝိုင့်မှာ အောက်စီတိုစင်တွေ မြောက်မြားစွာထွက်နေတယ်ထင်တယ်။သူနမ်းနေတုန်းမျက်လုံးလေးခိုးဖွင့်ကြည့်တဲ့အချိန်မှာ သူအမြဲမြင်နေကျ ခေါင်မိုးထပ်က အခြားအချိန်နဲ့မတူဘူး...ကောင်းကင်ကလဲ နီလာရောင် ညကောင်းကင်...ကြယ်တွေကလဲ ခါတိုင်းထက် အရောင်တောက်ပလို့..အခြားမြင်ကွင်းတွေကလဲ ပန်းချီဆန်ဆန် လှပလို့။သူလဲခြေမကိုင်မိလက်မကိုင်မိ တုန်ရီနေမိသလို ဗိုက်ထဲမှာလိပ်ပြာလေးတွေပျံနေသလို ဝေ့ခနဲ ဝေ့ခနဲလဲခံစားနေရတယ်။သူ့ရဲ့အချစ်ဟော်မုန်းတွေက သောင်းသောင်းဖြဖြ ထွက်လာနေတုန်းမှာပဲ အဒမ့်ဖုန်းက Ring Toneသံကမြည်လာတယ်။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now