EIUJNM:Chapter(48)စိတ်ကောက်နေတဲ့ချစ်သူ
သူတို့အိမ်ကိုရောက်တော့မွန်းလွဲနေပြီ။ကားပေါ်ကဆင်းလာတဲ့သူ့ကို မားကရုပ်ရှင်ဆန်ဆန်ပဲပြေးဖက်တယ်။
"သားလေး ..ကြည့်ပါဦး..အသားတွေတောင်ပိုဖြူလာပဲ..နော် ပါး"
မားက သူတစ်ယောက်ထဲအားမရလို့ နောက်ခပ်လှမ်းလှမ်းမှာရပ်နေတဲ့သူ့အဖေကိုအဖော်လှမ်းစပ်တယ်။သူ့အဖေကတော့ ဖြူသည်မည်းသည်မဝေဖန်ပဲ သူ့ကိုရှုတည်တည်နဲ့တစ်ချက်ကြည့်ရင်း..."မင်းဆံပင်ကဘာဖြစ်လို့ အဲ့လောက်ရှည်နေရတာလဲ"
"ညှပ်ပစ်မှာပါး.."
"အေး မညှပ်လဲ ငါကအတင်းညှပ်ပေးမှာ"
"ဟုတ်ပါပြီ"
ဝိုင်ရယ်မိသွားရတယ်။သူ့ဆံပင်ကို မြင်ရင် သူ့အဖေဝေဖန်တော့မယ်ဆိုတာသူကြိုတွေးထားပြီးသား...ဆံပင်ကလဲအရှည်ထားချင်လို့သီးသန့်ထားတာရယ်လို့မဟုတ်ဘူး။အဒမ့်ကြောင့်သူ့အသဲလေး ကွဲကြေစဥ်တုန်းက အသဲကွဲတဲ့လူတွေရဲ့ပုံစဲအတိုင်းညှပ်လဲညှပ်မပစ်ပဲအဲ့တိုင်းထားလိုက်တာ။နောက်ကျ ဆံပင်အရှည်လေးနဲ့လဲလိုက်သားဆိုပြီး မညှပ်ဖြစ်တော့တာပဲ။ဒါပေမဲ့ အခုဆံပင်ညှပ်ရင်တော့ ကန့်ကွက်မယ့်လူတော့ ရှိလာတော့မှာ...အဒမ်ကသူ့ကိုဆံပင်အရှည်နဲ့ အရမ်းသဘောကျနေတာ။
သူတို့လူစုစကားတပြောပြောနဲ့ အိမ်ထဲဝင်လာခဲ့ကြတယ်။အိမ်ထဲမဝင်ခင်မှာ သူခြံရှေ့ကိုမသိမသာလှမ်းကြည့်တော့ အဒမ့်ကားကိုတွေ့လိုက်ရတယ်။သူ ခိုးကြောင်ခိုးဝှက်နဲ့ လက်ခါပြလိုက်ပြီး သူ့အမေပုခုံးကိုဖက်ပြီးအိမ်ထဲဆက်ဝင်ခဲ့လိုက်တယ်။
ရေမိုးချိုးထမင်းစားတော့ မိုနီကာကပါ ဝင်စားတော့ သူတို့ထမင်းဝိုင်းကပိုပြီးစိုပြေနေတယ်။စကားတပြောပြောနဲ့မို့အချိန်တွေက ကုန်မှန်းမသိကုန်သွားရင်း ညကိုးနာရီလောက်ရောက်သွားတယ်။မိုနီကာ ကို ခြံရှေ့အထိလိုက်ပို့ရင်း သူတို့ခြံထောင့်မှာရပ်ထားတဲ့ကားကိုတွေ့လိုက်ရတော့ သူ့မျက်လုံးတွေတောင်ပြူးသွားရတယ်။
သူကားနားကို ခပ်မြန်မြန်သွားလိုက်ပြီးမှန်တံခါးကိုခေါက်လိုက်တယ်။လျောခနဲကျလာတဲ့ မှန်တံခါးနဲ့အတူ အဒမ့်ရဲ့ အိပ်မှုန်စုန်ဝါးရုပ်ပေါ်လာတယ်။သူ့ကို မြင်တော့ အဒမ်ကအံ့သြဟန်လဲပေါက် ဝမ်းသာသွားပုံလဲပေါ်တယ်။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]
![ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]](https://img.wattpad.com/cover/294505431-64-k170337.jpg)