Chapter(47)🚑

4.8K 226 4
                                        

[Warning for kids]

EIUJNM:Chapter(47)ကနေတဲ့ကား၊ဥာဏ်များတဲ့ကောင်လေးနဲ့အိမ်ပြန်လက်ဆောင်🚑

"ဝိုင်!ဘေဘီ!မောင်ဒီမှာ..."

လေဆိပ်တစ်ခုလုံး အဒမ့်အသံတစ်ခုထဲသာဖုံးလွှမ်းနေပြီး တက်ကြွလွန်းတဲ့အသံတင်မကဘဲ လူကပါခုန်ဆွခုန်ဆွဖြစ်နေတယ်လို့ထင်နေရတယ်။ဝိုင်အင်မီဂရေးရှင်းကိုဖြတ်လာတော့ လာကြိုတဲ့လူအုပ်ကြီးထဲက အဒမ်က ဘယ်လိုအတွင်းအားသုံးပြီးထွက်လာလဲတော့မသိဘူး...သူ့ရှေ့ ခြေလှမ်း နှစ်ဆယ်လောက်အကွာမှာ လက်မောင်းနှစ်ဖက်ကို ဖြန့်ကားကာ ရင်ဘက်ကိုဖွင့်ပြီး ချိုမြိန်တဲ့အပြုံးနဲ့ကြိုနေတယ်။

ဝိုင့်စိတ်ထဲမှာ ရုတ်ချည်းဆိုသလို ချိုမြိန်တဲ့ရင်ခုန်သံတွေနဲ့ပြည့်နှက်သွားပြီး ဆွဲလာတဲ့လက်ဂေ့ချ်ကို လွှတ်ချထားခဲ့တယ်။ပြီးတော့ သူ့ကိုရင်ဖွင့်ကြိုနေတဲ့ ကောင်လေးဆီ အရှိန်အဟုန်ပြင်းပြင်းနဲ့ပြေးကာ ခုန်တက်လိုက်ပြီး လည်တိုင်သွယ်သွယ်ကို လက်မောင်းတွေနဲ့သွယ်ယှက်လို့ နမ်းလိုက်တယ်။

တစ်နှစ် ခွဲခဲ့ပြီးတဲ့နောက်မှာ ခုလိုမျိုး လေဆိပ်တွေမှာနမ်းတာကသူတို့အတွက်တော့ ထမင်းစားရေသောက်ထက်တောင်လွယ်နေပြီ။လူတွေရဲ့အကြည့်တွေကိုလဲ ဘယ်လိုမှတောင်မထင်တော့ဘူး။စင်္ကာပူကိုအဒမ်လာတိုင်း လေဆိပ်ရောက်ရင် အလာမှာရော အပြန်မှာပါမပြီးနိုင်မစီးနိုင်အလွမ်းသယ်တာက သူတို့နှစ်ယောက်ရဲ့ရိုးရာဖြစ်လာတယ်။ဒီလိုမှအလွမ်းမသယ်ရင်လဲ မတွေ့ရတဲ့ ရက်တွေအတွက်က နှစ်ယောက်လုံးနေမထိထိုင်မသာတွေဖြစ်နေကြရော...

ရေငတ်သလို မွတ်သိပ်တဲ့ အနမ်းအပြီးမှာ အဒမ်က ဝိုင့်ကိုချီထားရာကနေချလိုက်ပြီး လက်ကို တင်းတင်းကျပ်ကျပ်ဆွဲလို့ လက်ဂေ့ချ်ကိုသွားယူတယ်။နှစ်ယောက်အတူတူ လက်ချင်းတွဲပြီး လေဆိပ်ကနေထွက်လာပြီး ကားပါကင်ကိုသွားလိုက်ကြတယ်။လက်ဂေ့ချ်ကိုနောက်ဖုံးထဲသွားထည့်တဲ့ အဒမ် ကားထဲရောက်ရောက်ချင်းပဲ ဝိုင်က အဒမ့်ရဲ့ အင်္ကျီကော်လာကို ဆွဲလို့ ပြင်းပြတဲ့အနမ်းတစ်ခုကို အစပြုလိုက်တယ်။

အဒမ်က အံ့ြသသွားပေမဲ့ ရယ်သံတစ်ချက်ပြုပြီး ဝိုင်ဦးဆောင်တဲ့အနမ်းနောက်ကို ရွပ်ရွပ်ချွံချွံလိုက်လာတယ်။ဘေးစောင်းနမ်းရတာ နည်းနည်းအဆင်မပြေဖြစ်တာမို့ အဒမ့်အပေါ်ကို ဝိုင်ခွထိုင်လိုက်တော့ စတီရာတိုင်နဲ့ အဒမ့်ကြားမှာ သူ့အတွက်နေရာလွတ်တောင်မကျန်တော့ပဲ ကျပ်သိပ်သွားတယ်။အဒမ်က ဝိုင့်သွားတွေကို လျှာဖျားလေးနဲ့နူးညံစွာထိုးခွဲပြီး အာခံတွင်းထဲကို အောင်အောင်မြင်မြင်ကျူးကျော်လာတယ်။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now