Chapter(27)

3.5K 257 12
                                        

EIUJNM:Chapter(27)ငါမင်းကိုနမ်းလို့ရမလား

"သျှေးဝိုင်!"

"ပါး!!"

သူနဲ့သူ့အဖေပုံစံက ကယ်လ်ဆမ်ကွေကာကြော်ငြာထဲကလို 'အမေ့!! သား!!" ဆိုတာမျိုးဆိုပေမယ့် ကြည်နူးစရာကောင်းမနေပါဘူး။သူကလဲ သူ့အဖေကို ကယ်လ်ဆမ်ကွေကာနဲ့ မကန်တော့သလို သူ့အဖေကလဲ သူ့ကိုပြုံးကြည့်မနေပါဘူး။သူ့အဖေရဲ့လေဆာအိုင်း က ရောင်ဝါတွေတစ်ဖျက်ဖျက်ထွက်နေသလို စိန်းစိန်းဝါးဝါးကြီးကိုကြည့်နေတာ...

လောကထဲမှာတိုက်ဆိုင်မှုတွေအများကြီးရှိတယ်။ကိုယ်နဲ့အတူထိုင်တဲ့ သူငယ်ချင်းနဲ့ နေ့လည်စာဟင်းတူနေတာမျိုး၊စကားတစ်ခွန်းကိုတစ်ပြိုင်ထဲ အတူတူပြောမိတာမျိုး၊ပစ္စည်းတစ်ခုခုကို အတူတူရွေးမိတာမျိုး၊ခရက်ရှ်နဲ့အင်္ကျီအရောင်ချင်းဆင်တူနေတာမျိုး စသဖြင့် အများကြီးရှိတယ်။

ဒါပေမဲ့ဒီတိုက်ဆိုင်မှုကိုကြည့်ပါဦး!ပထမ သူ့အစ်မ၊ဒုတိယ အဒမ်နဲ့ ကိုတည်ငြိမ်ဦး နောက်ဆုံးသူ့အဖေ..ဒီစိတ်ပျက်စရာဖြစ်ရပ်ကြီးက သူ့ဆီမှာမှဖြစ်လာမျိုးကလဲ သူ့ရဲ့တောက်ပလွန်းတဲ့ ကံပါပဲ။သူအစက သူမသိအောင်တိတ်တိတ်လေး ဂဲသားရင်းများလုပ်ထားသလားလို့တောင် ခပ်ချဥ်ချဥ်တွေးမိတော့တာ။

သူနဲ့အဒမ့်နားကို သူ့အဖေက လှစ်ခနဲရောက်လာပြီး သူ့သားကို ပွတ်သီးပွတ်သပ်လုပ်နေတဲ့ ဖြူစုတ်စုတ်ကောင်ကို ဆွဲခွာလိုက်တယ်။အဒမ်က ယိုင်ထွက်တဲ့အထိဆွဲခွာခံလိုက်ရပေမဲ့ ထွက်မသွားဘဲနဲ့ဘောင်းဘီထဲလက်ထည့်ပြီး ရပ်ကြည့်နေတယ်။

ဦးအောင်မြင်သိမ်းကတော့ ရပ်ကြည့်နေတာတွေဘာတွေဂရုစိုက်မနေဘူး။သူ့ရဲ့တစ်ဦးတည်းသောသားလေးကိုပဲအာရုံစိုက်ထားတယ်။ပထမ သူ့မြင်ကွင်းထဲကို ဝင်လာတုန်းက သူ့သားလို့ကိုထင်မထားဘူး။

"သျှေးဝိုင်!မင်း ဘာတွေလုပ်နေတာလဲ"

မေးပြန်ပြီနောက်တစ်ယောက်လို့ပဲ ဝိုင်တွေးမိတော့တယ်။ဘာလို့များလူတိုင်းက သူဘာလုပ်နေလဲဆိုတာကို သောက်ရမ်းသိချင်နေကြတာတုန်း!!ပြီးတော့ အဒမ့်ရှေ့မှာ သူဒီလိုမျိုးဖြစ်နေရတာကိုမုန်းတယ်။လူဆိုတာက ကိုယ်သဘောကျတဲ့လူရှေ့မှာ ခပ်မိုက်မိုက်စတိုင်ကိုပဲပြချင်တာလေ..

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now