Chapter(41)

4.6K 277 14
                                        

EIUJNM:Chapter(41)ရေချိုဖြုန်းတီးနေတာပဲ!

မျက်လုံးကိုပေကလပ်ပေကလပ်လုပ်နေရင်း မှင်သေသေနဲ့ရပ်နေရပေမဲ့ သူ့စိတ်ထဲကခြောက်ခြားမှုကိုအဒမ်သာသိတယ်။ချွေးစေးတွေကခေါင်းစခြေဆုံးစိမ့်ထွက်လာတာမို့ လက်ဖဝါးကိုတောင် ဘောင်းဘီနဲ့ ပွတ်လိုက်ရတယ်။ဝိုင်ကသူပြောတာကို ယုံပုံမရဘူး။သူ့ကိုအကဲခတ်နေတဲ့ဝိုင့်ရှေ့မှာ သူရပ်နေရတာ စုံထောက်ရှေ့ကိုရောက်နေတဲ့လူလိမ်တစ်ယောက်လိုပဲခံစားနေရတယ်။

နောက်ဆုံးမှာတော့ ဝိုင်ကအင်တင်တင်နဲ့ဖွင့်မေးလာတယ်။
"မင်း ပိုက်ဆံအိတ်ကဘယ်မှာပျောက်တာလဲ"

"ငါမသိလို့ပေါ့"

အဒမ်အသံတိမ်တိမ်နဲ့ပြန်ဖြေလိုက်ရင်း သူ့ရဲ့မှင်သေမှုကို သူ့ဟာသူအမှတ်ပေးလိုက်တယ်။အခုလိုလုပ်နေတာက ဝိုင့်ကိုညာနေတာဆိုပေမဲ့ သူလိမ်ညာပြီးတော့ကို ဝိုင့်နားမှာနေချင်လို့လုပ်နေရတာ...

ဝိုင်က သက်ပြင်းကိုချရင်း"မင်း ဟိုတယ်ကိုမေးကြည့်သေးလား"

"ဟိုတယ်မှာမရှိဘူး...ရှင်းစရာ ပိုက်ဆံမရှိလို့ ငါCheck outလုပ်လာရတာလေ...မင်းငါ့ကိုခဏလေးခေါ်ထားပေးလို့မရဘူးလား"

"မရဘူး!"

"ဘာလို့လဲ!"

"ငါတစ်ယောက်ထဲနေတာမဟုတ်ဘူး.."

ဝိုင် ြငင်းလိုက်တယ်...သူကShare Houseမှာနေနေတာဆိုပေမဲ့ သူ့ရဲ့အိမ်သားတွေကိုအသိမပေးပဲ ဧည့်သည်ကိုသူ့သဘောအတိုင်းခေါ်ချသွားလို့မရဘူး။

ဝိုင်ကရိုးရိုးသားသားငြင်းလိုက်ပေမဲ့ မရိုးသားတဲ့အဒမ်ကတော့ ပေါက်ကရတွေတွေးချလိုက်တော့တယ်။တကယ်ကိုပဲဝိုင်က အသစ်တစ်ယောက်ရှိနေတာများလား?ဟိုပိန်လျော်လျော် ဖြူစုတ်စုတ်ကောင်လား?ဝိုင်ကအဲ့လိုစတိုင်မျိုးကိုသဘောကျသွားတာလား?သူရောကိုယ်အလေးချိန်ချလိုက်သင့်လား?

အတွေးတွေကဗြောင်းဆန်နေအောင်ထွက်လာပြီး သူ့စိတ်ကိုမတည်မငြိမ်ဖြစ်စေတယ်။ဝိုင်သာသူ့ကို တကယ်ကြီးထားသွားရင်ဆိုတဲ့အတွေးက သူ့ရဲ့ရင်ဝကို မီးစနဲ့အီလေးဆွဲပြီးထိုးနေသလိုမျိုးပဲ...တမြေ့မြေ့နဲ့လောင်နေစေတယ်။သေချာတာတော့ သူဘာပဲလုပ်ရလုပ်ရ အော်စကာဆုရသရုပ်ဆောင်တစ်ယောက်လို ပီပီပြင်ပြင်သရုပ်ဆောင်ပြီး ဝိုင့်ရဲ့သနားကြင်နာမှုကိုရယူမှရတော့မှာ...

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now