Chapter(39)

3.9K 299 21
                                    

EIUJNM:Chapter(39)မင်းနဲ့ငါက သူစိမ်းလား?

လေယာဥ်ဘီးချလို့သိမ့်ခနဲ တုန်ခါသွားတာနဲ့အတူ အဒမ့်ရဲ့နှလုံးသားလဲတုန်ခါသွားတယ်။ဝိုင်နဲ့တစ်မြေထဲရောက်နေပြီဆိုတဲ့အသိကသူ့ကို အမှန်တကယ်ကိုစိတ်လှုပ်ရှားစေတယ်။ဝိုင်ကိုသူမတွေ့ရတာ ၁နှစ်ရှိပြီ။ဝိုင်ပိန်သွားလား...ပြည့်ပြည့်လေးဖြစ်နေပြီလား...ပျော်နေရဲ့လား...ဆံပင်တွေရှည်လာမလား..အလုပ်ခွင်ထဲမှာပျော်ရဲ့လား...ရည်းစားအသစ်ရနေပြီလား...ပြီးတော့ သူ့ကိုချစ်သေးလား...စတဲ့မေးခွန်းတွေကို သူနေ့စဥ်နေ့တိုင်းတွေးမိတယ်။

လွန်ခဲ့တဲ့ ၆လလောက်မဲဘာန်းမှာ ရက်နည်းနည်းလောက်နေပြီးခဲ့တော့ အဒမ်သူ့မြို့ကိုသူပြန်လာခဲ့တယ်။သူရောက်သွားတဲ့ရက်အတွင်းမှာလဲ ကိစ္စမျိုးစုံဖြစ်သွားခဲ့တယ်။သူ့မှာ အသဲကွဲနေလို့ ရင်ဖွင့်ချင်လို့သွားပါတယ်ဆိုမှ သူ့အစ်ကိုဆေးရုံတက်ရတာမို့ လူနာစောင့်ဖြစ်သွားရသေးတယ်။

ဒါပေမဲ့မဲဘာန်းကိုသွားရတာ သူ့အတွက်အကျိုးတော့ရှိခဲ့တယ်။ဝိုင့်ကိုသူ လက်လွှတ်လိုက်ဖို့အတွေးကလဲ ပြောင်းပြန်ဖြစ်သွားပြီး ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဝိုင့်ကိုသူပြန်ကြိုးစားဖို့တွေးမိတယ်။အဲ့အတွေးဖြစ်လာဖို့ တွန်းအားပေးခဲ့တာကတော့ သူ့အစ်ကိုရဲ့ချစ်သူနွေဦးကြောင့်ပဲ...

သူ့အစ်ကို ကိုကြည့်တဲ့ ဒေါက်တာနွေဦးရဲ့ကြင်နာတဲ့မျက်ဝန်းတွေ...မေ့မျောနေတဲ့သူ့အစ်ကိုရဲ့လက်ကိုဆုပ်ကိုင်လို့ စိုးရိမ်တကြီးဖြစ်နေတာတွေ သူချစ်ရတဲ့လူကလွဲလို့ ကျန်တဲ့အမြင်တွေကိုဂရုမစိုက်တဲ့ဟန်ပန်တွေက သူ့နှလုံးသားကိုကိုင်လှုပ်နေသလိုပဲ...တွန်းအားပေးနေသလိုပဲ။

အဲ့ဒါကြောင့် သူပြန်လာပြီး ဝိုင့်ကိုသွားမရှာခင်အချိန်မှာလဲသူ့ကိုယ်သူပိုပြီးတိုးတက်အောင်ကြိုးစားနေထိုင်ခဲ့တယ်။ဝိုင့်ရှေ့မှာ မျက်နှာကောင်းရဖို့ပေါ့...

သူဝိုင်နဲ့တွေ့ရဖို့ကိုအရမ်းစိတ်လှုပ်ရှားနေတယ်။အင်မီဂရေးရှင်းကိုဖြတ်တော့လဲ မှောင်ခိုလုပ်ထားတဲ့လူလိုမျိုး ဝိုင့်ဆီကိုခြေတလှမ်းပိုနီးလာပြီဆိုတဲ့အသိိနဲ့ စိတ်လှုပ်ရှားရပြန်တယ်။သူ့ရဲ့ ဂနာမငြိမ်စိတ်လှုပ်ရှားနေတဲ့ဟန်ပန်ကြောင့် သူ့ကိုစစ်တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိကတောင် သင်္ကာမကင်းကြည့်နေတဲ့အထိပဲ။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now