Chapter(52)🚑

4.1K 190 0
                                        

EIUJNM:Chapter(52)အမှတ်တရနေရာ...🚑

တစ်ပါတ်နဲ့ပြီးမယ်လို့ထင်ထားတဲ့အလုပ်က တစ်လနီးပါးကြာမှပြီးသွားခဲ့တာမို့လားရှိုးကို စီစဥ်ထားတဲ့ရက်ထက်တော်တော်နောက်ကျပြီးမှဝိုင်သွားဖို့ဖြစ်လာတယ်။ဒီအတောအတွင်းမှာလဲအဒမ့်ဆီက လွမ်းလို့ဆိုပြီးဖုန်းခဏတစ်ဖြုတ်ဆက်လာတာကလွဲလို့ ညည်းညူသံ ငြူစူသံမကြားရဘူး။နားပူနားဆာ တအားလုပ်တတ်တဲ့လူက တည်ငြိမ်လွန်းနေတာမို့ သူကပိုပြီးနောက်ဆံတင်းလာရတယ်။တီလေးတို့ဆီဖုန်းဆက်ကြည့်တော့မှ အလုပ်လုပ်ပြီးသေတဲ့သရဲဝင်ပူးထားသလို မိုးလင်းမိုးချုပ်အလုပ်လုပ်နေတဲ့အကြောင်းကြားရတယ်။

ဝိုင်အလုပ်တွေပြတ်ပြတ်ချင်းပဲ လားရှိုးကိုထွက်လာခဲ့လိုက်တယ်။သူလားရှိုးဘူတာကိုရောက်တော့ မွန်းလွဲပိုင်းဖြစ်နေပြီ။လားရှိုးရာသီဥတုက မိုးတဖွဲဖွဲရွာပြီး အေးစိမ့်နေတာမို့ လွယ်လွယ်ကူကူငှားလို့ရတဲ့ဆိုင်ကယ်ကယ်ရီငှားပြီးအိမ်ကိုသွားလိုက်တယ်။

သူအိမ်ရှေ့ရောက်တော့ လှမ်းမြင်ရတဲ့ဧည့်ခန်းထဲမှာဘယ်သူမှရှိမနေဘူး။ခြံတံခါးကလဲသော့ခတ်ထားတာမို့ မိုးသံကိုဖုံးအောင်အသံမြှင့်ပြီးခေါ်လိုက်တယ်။
"တီလေးရေ...တီတီရေ"

ခဏကြာတဲ့အထိဘယ်သူမှထွက်မလာဘူး။အကြောင်းမကြားပဲရောက်လာတာမို့ ခေါ်သံကြားရင်တောင် သူတို့ကိုခေါ်တာမဟုတ်ဘူးလို့ထင်နေကြတာပဲဖြစ်မယ်။အစကတဖွဲဖွဲနဲ့ရွာနေတဲ့မိုးကလဲပိုစိပ်လာပြီ။ခြံတံခါးကိုကိုင်လို့သူထပ်ခေါ်လိုက်တယ်။

"တီလေးရေလို့ ဝိုင်လာတယ်...တံခါးလာဖွင့်ပေးဦး!"

'ဟယ်' ခနဲအသံနဲ့အတူ အူယားဖားယားပြေးလာတဲ့တီလေးက ကြွက်စုပ်လေးလို ကုပ်ကုပ်လေးရပ်နေတဲ့သူ့ကိုမြင်တော့မျက်လုံးပြူးသွားတယ်..."ဟယ် ကလေး!..ဘယ်လိုရောက်လာတာလဲ အကြောင်းလဲမကြား ဘာလဲမကြားနဲ့"

ဝိုင်မျက်နှာပေါ်ကရေစက်တွေကိုလက်နဲ့သပ်ချပြီး..."ပြီးမှမေးပါတီလေးရဲ့...ဝိုင့်ကိုအိမ်ထဲခေါ်ပါဦး"

"သြော်အေး ဟုတ်သားပဲ"

ဝိုင်အိမ်ထဲကိုရောက်ချိန်မှာတော့ မေးတွေတောင်တဆတ်ဆတ်တုန်နေပြီ။
"အေးလိုက်တာ..."

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now