Chapter(10)

4K 288 1
                                        

EIUJNM:Chapter(10)"တစ်ဘဝလုံး အတူတူနေသွားချင်တဲ့လူ...အဲ့တာမင်းပဲရှိတယ်"

"အင်း...ကောင်း!ကိုယ်ဒီနေ့တကယ်မအားလို့ပါ...ကိုယ်တောင်းပန်ပါတယ်နော်"

[ခဏလေးတောင်မအားဘူးလား ကျွန်တော်တို့မတွေ့ရတာကြာနေပြီကို...အစ်ကို ကျွန်တော့်ကိုမလွမ်းဘူးလား]

"အာ...အဟွန်း!'

ဝိုင်အဖြေရခက်တာကိုဖုန်းကွယ်ဖို့ခြောက်ကက်ကက်ရယ်လိုက်တယ်။ဖုန်းကိုအမှတ်မဲ့ဆုပ်ကိုင်လိုက်မိပြီး ချက်ချင်းဘာစကားမှထွက်မလာနိုင်ဘူး။အဲ့လိုမျိုးက ကောင်းသစ်သူ့ကို ချစ်လား လွမ်းလား မေးတိုင်းဖြစ်သွားတတ်တဲ့ကိစ္စ...တကယ်ဆို သူ့ဆီကအဖြေတစ်ခုခုကထွက်ကိုထွက်လာရမှာ။ဒါပေမဲ့တစ်ခါမှ ပြန်မဖြေဖြစ်ဘူး။သူလဲ သူ့ကိုယ်သူတော်တော်စိတ်ပျက်ရပြီး ကောင်းသစ်ကိုလဲ အားနာရတယ်။

တစ်ဖက်က ကောင်းသစ်ရဲ့အမေးစကားက ချစ်သူရည်းစားမှန်သမျှမေးတတ်ကြတဲ့မေးခွန်း...မေးတဲ့မေးခွန်းကို ဖော်လိုလေးလိုက်ပြီး ဖြေရင်တောင်ဖြစ်တဲ့ ကိစ္စကို သူ့ကျမှအရမ်းခက်ခဲနေရတာ။ဘာလို့ဆို သူမညာချင်ဘူး။ချစ်လားဆိုတဲ့မေးခွန်းကို တကယ်ချစ်မှဖြေချင်တယ်...လွမ်းလားဆိုတဲ့မေးခွန်းကိုတကယ်လွမ်းမှဖြေချင်တယ်။

သူ့ဆီကဘာအဖြေမှထွက်မလာတော့ ကောင်းသစ်ကသက်ပြင်းလေးချပြီးရယ်တယ်။

[အစ်ကိုကတကယ်ကြီးမိုက်တယ်နော်...လွမ်းလားမေးလိုက်တိုင်းတစ်ခါမှကိုမဖြေတာ...]

"အ​ဲ့လိုမဟုတ်ပါဘူး ကောင်းရယ်...ကိုယ် သတိရပါတယ်"

အင်း...သူပါးပါးလေးတော့ ညာလိုက်ရပြီ။ဒါပေမဲ့သတိရတာနဲ့ လွမ်းတာနဲ့ကအဓိပ္ပါယ်နည်းနည်းလေးတော့ကွဲတယ်မလား။

[ကျွန်တော်က လွမ်းလားလို့မေးတာလေ ကျွန်တော့်ကိုသတိရလားမေးတာမှမဟုတ်တာ]

"အတူတူပဲမဟုတ်ဘူးလား ကောင်းရဲ့"

ထပ်ညာလိုက်ပြန်ပါပြီ။သူကတကယ်ကိုမကောင်းတဲ့ကောင်ပဲ...
ကောင်းသစ်လဲအဲ့လိုတွေးနေလောက်တယ်။သူ့ကိုကောင်းသစ်ကစိတ်ဆိုးသွားရင်ကောင်းမယ်။ဒါပေမဲ့ ကောင်းသစ်ကသူ့ကိုတစ်ခါမှစိတ်မဆိုးဖူးဘူး။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now