Chapter (53) Final Part

7.3K 265 48
                                        

EIUJNM:Chapter(53)ပျော်ရွှင်စရာဇာတ်သိမ်း...

*ဒေါက် ဒေါက်*

*ဒေါက် ဒေါက်* "ဝိုင်!!"

တံခါးခေါက်သံနဲ့ ခပ်တိုးတိုးခေါ်သံကိုလစ်လျုရှုလို့ကိုယ်ပေါ်ကစောင်ကိုတင်းတင်းဆွဲခြုံရင်း ဝိုင်တံခါးကိုကျော​ပေးပစ်လိုက်တယ်။သူ့ဆီက ဘာအသံမှထွက်မလာတော့ တံခါးရှေ့ကလူလဲခဏအသံတိတ်သွားတယ်။ဘယ်လောက်မှသိပ်မကြာလိုက်ဘူး...တံခါးဘုကိုလှည့်ဖွင့်လိုက်တဲ့ ကလစ် ဆိုတဲ့အသံနဲ့အတူ ခြေသံရောလူကပါအခန်းတွင်းကိုရောက်လာတယ်။

"ဘေဘီ..."
အဒမ်ကလေသံခပ်အုပ်အုပ်နဲ့ခေါ်ရင်း သူ့နားကိုတိုးလာတယ်။ပြီးတော့ စောင်ထဲမှာမျက်နှာဝှက်ထားတဲ့သူ့ကို လုံးထွေးပတ်ယူပစ်ကာ ပါးပြင်ကိုနမ်းမွှေးရင်း..."နိုးနေရဲ့သားနဲ့ မောင်ခေါ်တာကို မထူးဘူး.."

ဝိုင်ကမျက်နှာကိုတည်လိုက်ပြီး..
"ဘယ်ကမောင်လဲပြီးတော့ ဘယ်သူကဘေဘီလား!?ပြောတော့မင်းနဲ့ငါကသူငယ်ချင်းတွေဆို!"

အဒမ့်မျက်နှာကငယ်ကျသွားတယ်...ပြီးတော့ လေသံပျော့ပျော့နဲ့.."စိတ်ကောက်နေတုန်းလား ဘေဘီရာ..ညကမောင်ချော့တော့ စိတ်မကောက်ဘူးဆို.."

"အင်းလေ ငါကစိတ်မကောက်ပါဘူး...မင်းပြောတာကိုပဲပြောပြတာ"

အဒမ့်ခေါင်းထဲမှာအချက်ပေးခေါင်းလောင်းသံတွေစကြားလာရပြီ။သူမျက်နှာကိုအတတ်နိုင်ဆုံးငယ်ထားလိုက်ပြီး...
"မောင်တောင်းပန်ပါတယ်ဘေဘီရယ်...မောင်ကလူကြီးတွေရှေ့ဆိုတော့.."

"လူကြီးတွေရှေ့ဆိုတော့ တအားတွေ လူကြီးလူကောင်းဆန်ချင်နေတာမလား...ငါ့ကိုလွှတ်!"

"အာ..ဘေဘီကလဲကွာ..."

ဝိုင်ကအဒမ့်လက်မောင်းတွေကြားကဆောင့်ရုန်းရင်း လေသံမာမာနဲ့ပြောလေ အဒမ့်မျက်နှာက ပိုပြီးသေးငယ်လာလေပဲ။ပြောနေရင်းနဲ့တောင် အမှုန်ဖြစ်ပြီးလေထဲလွင့်သွားမှာစိုးရတယ်။ဝိုင်စိတ်တိုတိုနဲ့မျက်စောင်းထိုးရင်း အိပ်ယာပေါ်ကနေအားနဲ့ထလိုက်တယ်။အဒမ့်ကိုညတုန်းကတည်းက တွေးလေစိတ်တိုလေဖြစ်နေတာ...အခု 'စိတ်ကောက်နေတုန်းလား'လာမေးတော့ပိုစိတ်တိုသွားတာသူမမှားဘူးမလား။

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now