Chapter(46)

3.9K 229 12
                                        

EIUJNM:Chapter(46)ငါတို့ကချစ်သူတွေလေ

အချိန်တော်တော်လေးကြာသွားတဲ့အထိသူတို့ရဲ့အခန်းထဲမှာ သူတို့နှစ်ယောက်ရဲ့ ရမ္မက်ဆန်ဆန်ရနံ့တွေဖုံးလွှမ်းနေပြီး ချွေးတလုံးလုံးနဲ့အချိန်တော်တော်ကြာတဲ့အထိအလုပ်ရှုပ်နေခဲ့တယ်။ပြင်းထန်စွာအားစိုက်ခြင်း ဆိုတဲ့ လုပ်ရပ်ရဲ့နောက်ဆုံးမှာ​တော့ ဝိုင့်ခဗျာ စုန်းမကို အသံရောင်းလိုက်မိတဲ့ အေရီရယ်လေးလို ဖြစ်သွားတော့တယ်။အဒမ့်ရဲ့ တက်ကြွတဲ့ လုပ်ဆောင်ချက်တွေမှာ သူ့အသံပါမရှိတော့ဘူး။ခန္ဓာကိုယ်ကလှုပ်ရှားဖို့နေနေသာသာ မျက်တောင်တောင် မျက်ခွံက သူ့အလိုလို ခတ်နေလို့...

အဒမ်က သူ့ကိုသန့်ရှင်းရေး အကုန်လုပ်ပေးပြီး နဖူးကိုနှစ်နှစ်ကာကာနမ်းလိုက်ကာ..."ငါ မင်းစားဖို့ တစ်ခုခုလုပ်ပေးမယ်"

ဝိုင်ခေါင်းညိတ်ပြလိုက်တော့ အဒမ်က နှုတ်ခမ်းကိုထပ်နမ်းပြီးထွက်သွားတယ်။နောက်၁၀မိနစ်လောက်ကြာတော့ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ဆန်ပြုတ်ပန်းကန်တစ်ခုနဲ့ပြန်ရောက်လာတယ်။

"အသင့်စားဆန်ပြုတ်ပဲပြုတ်လာခဲ့လိုက်တယ်"

"ရတယ်...ဘာဖြစ်ဖြစ်"

Fuck!သူ့အသံကတကယ့်ကိုကြောက်စရာကြီး..ပြာအက်အက်ကြီးနဲ့!!

အဒမ်က သူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီး ဆန်ပြုတ်ကို တစ်ဇွန်းခပ်လိုက်တယ်။ပြီးတော့ ဖူးဖူးနဲ့ မှုတ်လိုက်ပြီးအတော်အသင့်အေးမအေးကို လျှာဖျားလေးနဲ့မြည်းကြည့်လိုက်သေးတယ်။အဲ့လိုအပြုအမူကိုမြင်တော့ ဝိုင်မပြုံးဘဲကိုမနေနိုင်တော့ဘူး...
အဒမ့်ပုံစံက မသိရင် ကလေးအမေကနေမကောင်းဖြစ်နေတဲ့ကလေးကို ဆန်ပြုတ်ကျွေးဖို့ပြင်နေသလိုပဲ။

သူ့နှုတ်ခမ်းကကော့တက်နေတဲ့အပြုံးကိုမြင်တော့ အဒမ်ကပါလိုက်ပြုံးရင်း သူ့ကိုဆန်ပြုတ်ခွံ့လိုက်တယ်။ပြီးတော့ နောက်တစ်ဇွန်းကိုထပ်ခပ်နေရင်း...
"ဘာတွေပြုံးနေတာလဲ"

ဝိုင်ခေါင်းခါပြလိုက်ပြီး..."ဘယ်နှစ်နာရီထိုးပြီလဲ"

"၁၀နာရီ"

ဖြေရင်းနဲ့ပဲအဒမ်က သူ့ကိုနောက်ထပ်တစ်ဇွန်းထပ်ခွံ့လိုက်တယ်။သူပါးစပ်ကို စိတ်မပါလက်မပါဟတော့ အဒမ်က သူ့ပါးလေးကိုနမ်းလိုက်ပြီး..."မစားချင်လဲစားလိုက်ပါဦး...မင်းခန္ဓာကိုယ်ကတအားပင်ပန်းထားတယ်မလား.."

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now