EIUJNM:Chapter(20)4 missed call and 1 new message
"သွေးသားတော်စပ်ရုံနဲ့ မိသားစုလို့နာမည်တပ်လို့မရဘူး"
တစ်လုံးချင်းပြောလိုက်တဲ့ အဒမ့်အသံက တိတ်ဆိတ်နေတဲ့ဧည့်ခန်းတစ်ခုလုံးကို ပိုပြီးအေးစက်သွားစေတယ်။သူ့အမေက အရုပ်ကြိုးြပတ် ဆိုဖာပေါ်ထိုင်ကျသွားပြီး သူ့အဖေကအံကြိတ်ပြီး အကြည့်လွှဲလိုက်တယ်။
အဒမ် ဒီလိုအဖြစ်မျိုးတွေကိုသူလဲမလိုချင်ပေမဲ့ အမြဲဒီလိုမျိုးပဲဖြစ်နေဦးမှာ။ကိုယ်စိုက်တဲ့အပင်ကို ကိုယ်တိုင်ပဲပြန်ရိတ်သိမ်းရစမြဲမို့ သူ့မိဘတွေဘာမှတောင်မပြောနိုင်ကြဘူး။
"နောက်တစ်ခါ ကျွန်တော့်ကိုအထွေအထူးအကြောင်းမရှိရင်မခေါ်နဲ့"
အဒမ်စကားကိုအပြတ်ပြောပြီး အိမ်ထဲကပြန်ထွက်လာခဲ့တယ်။သူ့အဖေရဲ့ပြန်ပြေလည်ချင်တဲ့အကြည့်ကို မသိချင်ယောင်ဆောင်ခဲ့တယ်။သူ့အမေရဲ့ မျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းတွေကိုမသိချင်ယောင်ဆောင်ခဲ့တယ်။သူ့ရင်ထဲမှာ ဆို့နင့်နာကျင်နေပြီး ခေါင်းထဲမှာတော့ ဗလာသက်သက်ဖြစ်နေတယ်။ဒီအိမ်ကသူ့အတွက်တော့ အဆိပ်ပဲ..အိပ်မက်ဆိုးပဲ။သူငယ်ငယ်တုန်းကခံစားခဲ့ရဘူးတဲ့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေကို ပြန်ပြီးအမှတ်ရစေတဲ့နေရာတစ်ခုပဲ။
ဆိုင်ကယ်ကိုအရှိန်အမြင့်ဆုံးတင်ပြီးမောင်းဖို့အတွက် မြို့ပြင်ကိုပဲဦးတည်လိုက်တယ်။သူ့ရဲ့မှုန်မှိုင်းနေတဲ့ စိတ်အခြေအနေအတွက် လေကြမ်းကြမ်းနဲ့ စိတ်လှုပ်ရှားမှုအချို့လိုအပ်တယ်။မြို့ပြင်အထိမောင်းလာခဲ့ပြီး မှောင်ရီပျိုးစပတ်ဝန်းကျင်ကို ထိုင်ငေးနေလိုက်တယ်။စိတ်ထဲမှာတော့ သူ့အမေရဲ့မျက်ရည်စတွေဝေ့သီနေတဲ့မျက်ဝန်းတွေကိုပဲ မြင်ယောင်နေတယ်။သူ့မိဘတွေ သူနဲ့ပြန်သင့်မြတ်ဖို့ကြိုးစားနေကြတာကို သူသိပေမဲ့ လက်မခံနိုင်ဘူး။
သူ့ရဲ့မာနကဘယ်လိုမှလက်မခံနိုင်ဘူး။
"ချီးပဲကွာ!!" အဒမ်ဒေါသတကြီး အော်ပြီး ကျောက်စရစ်ခဲတစ်ဆုပ်ကို ဆုပ်ယူလွှတ်ပစ်လိုက်တယ်။သူ့စိတ်ထဲမှာအကောင်းအဆိုးအားပြိုင်ပြီး တစ်ခါတစ်လေရူးချင်သလိုလိုတောင်ဖြစ်တယ်။ပါးပေါ်ကို တင်လာတဲ့ ပူနွေးတဲ့ရေစီးကြောင်းကို လက်ခုံနဲ့ပွတ်ဆွဲပြီး စီးကရက်တစ်လိပ်ကို နှုတ်ခမ်းဖျားမှာတင်ပြီး မီးညှိလိုက်တယ်။
YOU ARE READING
ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]