Chapter(36)

4.5K 278 30
                                        

EIUJNM:Chapter(36)အားလုံးကိုစွန့်လွှတ်လိုက်ရရင်တောင်မှ သတိရခြင်းကိုငါပိုင်တယ်....

ရုတ်တရက်တိတ်ဆိတ်မှုတွေကြီးစိုးသွားတဲ့အခန်းထဲမှာ အဒမ်တစ်ယောက်ထဲကျန်ခဲ့ပြီး သူ့ရဲ့အသက်ရှုသံကိုတောင်သူကြောက်လာမိတယ်။သေချာတာတော့ ဒါသူရှေ့ဆက်လျှောက်ရမယ့်သူ့ဘဝရဲ့ရှေ့ပြေးပုံစံပဲ...ဖြစ်သင့်ပါတယ်။သူမချိပြုံးပြုံးလိုက်မိပြီး ထိုင်ရာကနေလေးတိလေးကန်နဲ့ထလိုက်တယ်။ပြီးတော့ ဝိုင်နဲ့ သူ့ရဲ့အမှတ်တရတွေ နေရာလွတ်မကျန်ရှိနေတဲ့ အခန်းကိုဝေ့ကြည့်လိုက်တယ်။

အမှတ်တရဆိုတာမရှိမကောင်းရှိမကောင်းပဲ...အခုတော့ သူတို့ရဲ့အမှတ်တရတွေက မျက်လုံးတွေမှာတစ်ခုပြီးတစ်ခုပေါ်လာလိုက်တာ ရုပ်ရှင်ကြည့်နေရသလိုပဲ။အဒမ် သက်ပြင်းကိုမနေနိုင်မထိုင်နိုင်ချလိုက်မိပြန်တယ်။ဝိုင်ကသူ့ကိုတစ်ညအိပ်သွားလို့ပြောပေမဲ့ သူမအိပ်ရဲဘူး...ဝိုင်ကသူ မျက်နှာချင်းမဆိုင်ရဲဘူး။သတ္တိမရှိတဲ့ငကြောက်ကောင်သူက ဝိုင့်မျက်နှာကိုရဲရဲတောင်မကြည့်ရဲတော့ဘူး။

အဒမ်တံခါးကိုတတ်နိုင်သမျှ အသံမမြည်အောင်ပိတ်လို့ကျောခိုင်းလိုက်တယ်။သူနဲ့ဝိုင်က အနေနီးခဲ့လို့ဝေးသွားခဲ့ကြတာပဲလား...ဖူးစာမပါလို့ပဲလား...ဒါပေမဲ့ ခဏဝေးသွားပြီးရင် ဝိုင့်နားကိုသူမရောက်ရောက်အောင်သွားပြီး ဖူးစာကိုလုပ်ယူမယ်။ဝိုင်ကသူ့ကိုမုန်းနေပါစေ...ဝိုင်ကသူ့ကိုနာကျည်းနေပါစေ...ဘယ်လိုပဲဖြစ်ဖြစ်သူဆုတောင်းတယ်...ဘယ်လိုခံစားမှုမျိုးနဲ့ပဲဖြစ်ဖြစ် ဝိုင့်ရင်ထဲမှာ သူဆိုတာကျန်နေပါစေ။

__________________________________
"အဒမ်ကပြောတယ်...သူကငါ့ကိုမချစ်ဘူးတဲ့...ဒါပေမဲ့ သူငယ်ချင်းဆိုတဲ့စကားလုံးလောက်နဲ့တော့ မလုံလောက်ဘူးတဲ့...ခွေးကောင်!"

မိုနီကာက သူ့ကိုစိတ်မကောင်းသလိုကြည့်ပြီး ..."မေ့ပစ်လိုက်ပါတော့ သျှေးရာ"

"ဘယ်လိုလုပ်မေ့ပစ်ရမှာလဲ...ငါအဲ့စကားကိုအမြဲမှတ်ထားမှာ...သူ့အကြောင်းကိုတွေးမိတိုင်း၊သူ့ကိုသတိရတိုင်း၊သူ့ကိုသေမလိုလွမ်းတိုင်း...သူ့ကိုမြင်တိုင်း ငါ့ရဲ့ခံစားချက်တွေ ငါ့ရဲ့အချစ်တွေက ငါ့ကိုမချစ်တဲ့လူအတွက်ဖြစ်နေပါလားဆိုတာကို ငါ့ကိုငါသတိပေးဖို့ အဲ့စကားကိုအ​မြဲမှတ်ထားမှာ..."

ငါ့ကိုမင်းကလိုအပ်ရုံပဲဆိုရင်တောင်(Even If You Just Need Me) [Complete]Where stories live. Discover now