Unicode
အတန်းချိန်က မနက်ခြောက်နာရီခွဲကနေ စတင်သည်။ ရှစ်နာရီမှာ မုန့်စားခဏဆင်းပြီး ကိုးနာရီကနေ ညနေလေးနာရီအထိ တောက်လျှောက်။
မြန်မာစာကလွဲပြီး ဘာသာရပ်တိုင်းကို အင်္ဂလိပ်လို သင်ကြားရမှာ ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေသည်။
ပြီးတော့ ပတ်၀န်းကျင်အသစ်၊ နေရာအသစ်မှာ။ သိကျွမ်းတဲ့သူ တယောက်မှမရှိဘူးဆိုတဲ့ အသိစိတ်နဲ့ ဘာကိုကြောက်လို့ကြောက်ရွံ့မိမှန်းလည်း မသိ။
သေချာတာကတော့ သူ့ဘက်ကအရင် ဘယ်သူ့ကိုမှ ခင်မင်ရင်းနှီးလာအောင် မိတ်ဖွဲ့မှာ မဟုတ်ဘူးဆိုတာ။
ပထမဆုံးစာသင်ရက်မို့ ဆရာက ဘယ်ကျောင်းက ပြောင်းလာကြတာလည်း မေးမြန်းနေသည်။
သူ့ကျောင်းနာမည်ပါလာတော့ မတ်တပ်ရပ်လိုက်သည်။
အရှေ့ဆုံးတန်းက ကောင်မလေး၊ နောက်ဆုံးတန်းက ကောင်မလေးနဲ့ သူ့ရှေ့ခုံက ကောင်လေးတယောက်ပါ မတ်တပ်ရပ်ကြသည်။
ခက်တာက သူတို့က ရင်းနှီးဖော်ရွေစွာ ပြုံးပြလာပေမယ့် တယောက်ကိုမှ သိမနေ။ ပြန်ထိုင်ခိုင်းတာနဲ့ ခေါင်းသာငုံ့နေလိုက်သည်။
နေ့လည်ထမင်းစားချိန်ကို အိမ်မပြန်ပဲကျောင်းနဲ့နီးတဲ့ မမအိမ်မှာပဲ ဘွားဘွားနဲ့ သွားစားလိုက်၏။ မမကတော့ တက္ကသိုလ်ကျောင်းသူဖြစ်တာကြောင့် ကျောင်းကပြန်မလာသေး။
အတန်းပြန်အရောက်မှာတော့ သူ့ခုံနေရာမှာ ကျောင်းသားတယောက်၀င်ထိုင်နေသည်။
ခုံလုရမယ့်အရွယ်လည်း မဟုတ်၊ အနောက်ခုံကလည်း နှစ်ယောက်ပဲ ရှိတာကြောင့် နေရာပြောင်းထိုင်လိုက်သည်။
ရည်ရွယ်ချက်က ခုံလုချင်တာမဟုတ်ပဲ မေးမြန်းချင်တာ။ သူ့ဘေးကို ၀င်ထိုင်လာပြီး ရှိသမျှသွားအကုန်ပေါ်အောင် ရယ်မောပြလာသည်။
သုံးရက်တိတိ နွားပွဲစားလာလုပ်နေတဲ့ကောင်ကို အာရုံနောက်လာရသည်။ မင်းဖြစ်ချင်တာလည်း တဲ့မေးလိုက်တော့ မေးစရာရှိလို့ပါ ဆိုလာ၏။
" အိနန္ဒာကို သိတယ်မလား.. ရှစ်တန်းတုန်းက တကျောင်းထဲ တခန်းထဲဆို... "

DU LIEST GERADE
ICY : Sugar Free Ice Cream
Romantikကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest