သူငယ်ချင်းတွေနဲ့ နေ့လည်စာအတူစားပြီးမှ အန်တီ့ဆီသွားဖို့ စီစဉ်လိုက်သည်။ မွန်မြတ်သန့်စင်ရဲ့စိတ်ဖိစီးမှုကိုဖြေလျော့တဲ့နည်းလမ်းက အစားနဲ့စကားဖြစ်တာကြောင့်။
မာလာရှမ်းကောစားမှာမို့ မြတ်နိုးက အသားနဲ့ပင်လယ်စာတို့ကို ရွေးချယ်နေပြီး ရတီက အသီးအရွက်တွေ ရွေးနေသည်။
" သုံးထပ်သားစားမှာမလား... "
" ငါက ကြက်သားနဲ့ပုဇွန်ပဲစားမှာ.. ခြေလေးချောင်းသားမစားဘူး... "
" နင်ကလေ မသိမသာနဲ့ လွှမ်းမိုးခြင်းခံနေရတာသိလား... "
" သိတယ်.. အန္တရာယ်မရှိလို့ ငါ့စိတ်ငါလွှတ်ပေးထားတာ.. နင်စားချင်ရင်စားလေ.. အသားဖတ်ဖယ်စားလိုက်မယ်... "
" စိတ်ကုန်... "
ဘာမှပြန်မပြောပဲ ရယ်သာနေလိုက်သည်။ မြတ်နိုးက ကြက်သားနဲ့ပုဇွန်နည်းနည်းထပ်ထည့်ပြီးနောက် ပိုက်ဆံရှင်းပြီး သုံးယောက်သား ဆိုင်အပေါ်ထပ် တက်လာလိုက်သည်။
ကိုကို့ဆီ textပို့ဖို့လဲ မမေ့လျော့ပေ။ Onlineမဖြစ်ပေမယ့် နေ့လည်စာစားပြီးတာနဲ့ ကိုကို့မေမေ့ဆီသွားမည့်အကြောင်း စာပို့ထားလိုက်သည်။
Outfitအနေနဲ့က စဉ်းစားလေခေါင်းကိုက်လေမို့ ရိုးရိုးရှင်းရှင်း Hawaii Collar Shirtနဲ့ Jeans Pantsတထည်သာ မြန်မြန်ရွေးလိုက်၏။ စိတ်တည်ငြိမ်သွားတော့လဲ သိပ်အများကြီးမတွေးမိပဲ ကိုယ့်fashionကို သဘောကျရသည်။
" နင့်ဖုန်းသိမ်းလိုက်တော့... "
" အွန်းပါ... "
ကိုကို့ဆီကို မနက်ကရိုက်ထားတဲ့ Selfieပုံကို ပို့လိုက်ပြီးနောက် ဖုန်းကို ပိုက်ဆံအိတ်ထဲထည့်လိုက်သည်။ နောက်တော့ တောင်စဉ်ရေမရ၊ အဆက်အစပ်မရှိတဲ့အကြောင်းအရင်းတွေ ပြောကြားရင်းပဲ စကားဝိုင်းဟာ စည်ကားသွားရတော့သည်။
" ငါမေးဦးမယ်.. အဲ့အန်တီက သူ့သမီးနဲ့လဲ သိပ်ဆက်ဆံရေးမကောင်းဘူးမလား... "
" မသိဘူးလေ.. ဒါပေမယ့် ကိုယ့်သမီးက ကိုယ့်သမီးပါပဲ... "
" အေးပေါ့.. တခါတလေကျ သူတယောက်နဲ့တင်မကပဲ မိသားစုအသိုင်းအဝိုင်းနဲ့ပါ ပေါင်းရမယ်ဆိုတာ တွေးမိရင် စိတ်ကုန်တယ်... "
ŞİMDİ OKUDUĞUN
ICY : Sugar Free Ice Cream
Romantizmကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest