What If Love - 8

574 36 4
                                    

ပုံမှန်အားဖြင့် စာကြည့်ပြီးတာနဲ့ ဖုန်းမကြည့်ပဲ အိပ်လေ့ရှိသည်။ ဒီနေ့လည်း အိပ်ဖို့ကြိုးစားပေမယ့် အခန်းမီးပိတ်လိုက်မှပဲ Requestပို့ထားတာ ငါးရက်တိတိရှိသွားပြီ ဆိုတာကို သတိရသွား၏။

သူ့ဘက်က ပြန်Cancelသွားမှာမျိုး အဖြစ်မခံနိုင်တာနဲ့ Friend Requestကို ညဆယ့်တနာရီကျော်မှပဲ လက်ခံဖြစ်သွားသည်။

တက္ကသိုလ်တက်ကတည်းက ညဆယ်နာရီဆိုတာနဲ့ အိပ်ပျော်အောင် အကျင့်လုပ်ထားသည်။

အကြောင်းကတော့ ညဘက်လူခြေတိတ်ချိန်ကို သိပ်သဘောမကျတက်လို့။ အထီးကျန်သလို ခံစားရပြီး အခုလို ရူးကြောင်ကြောင် လုပ်ရပ်တွေ လုပ်တက်လို့ဖြစ်သည်။

အခုမှတော့ ထူးမနေတော့။ သန်းခေါင်ထက် ပိုပြီးလည်း ညဥ့်မနက်တော့ပါဘူး။ သူကလည်း အခုအချိန်ထိ Activeဖြစ်နေဆဲ။

လက်ကယောင်မှားပြီး မဆိုင်တာတွေ မထိမိဖို့ကြိုးစားရင်း သူ့accountထဲ ၀င်ကြည့်လိုက်၏။

အခုက Marchလ ပထမပတ်ထဲမှာဆိုပေမယ့် သူ့accountမှာ ပထမဆုံးတွေ့ရတဲ့ပိုစ့်ကတော့ Happy New Yearဆိုတဲ့ Captionနဲ့ သူ့ဓာတ်ပုံသာဖြစ်သည်။

New Yearကို ကျိုက်ထီးရိုးတောင်ပေါ်မှာ ဘုရားဖူးရင်း ဖြတ်သန်းခဲ့တယ်ထင်သည်။

ဓာတ်ပုံထဲက သူ့ပုံစံက ပုဆိုးနဲ့ရှပ်အင်္ကျီနဲ့ သန့်ပြန်လို့နေ၏။ မြင်လိုက်ရတာနဲ့ သဘောကျစရာလည်း ကောင်းသည်။

ဘုရားမှာကပ်လှူဖို့ ရွှေသင်္ကန်း၀ယ်ရင် ရလေ့ရှိတဲ့ ရင်ထိုးတံဆိပ်ကို အင်္ကျီမှာ တွယ်ချိတ်ထားပြီး အဲဒီတံဆိပ်ကို လက်ညှိုးထိုးရင်း မျက်နှာအနည်းငယ်မော့ပြီး ပြုံးနေတဲ့ပုံလေး။

ပိုစ့်များများစားစား ရှိမနေတာကြောင့် Timelineရဲ့ အောက်ဆုံးထိရောက်ဖို့ပင် သိပ်အချိန်မယူလိုက်ရပါ။

သူ့အစ်မ ဘွဲ့ယူတုန်းက ဓာတ်ပုံလည်းတွေ့ရသည်။ အစ်မလို့ သိနေတာက ပွင့်ဖြူဆီကနေ မောင်နှမသုံးယောက်ရှိတဲ့အကြောင်း သိထားတာကြောင့်။

ရုတ်တရက်ပဲ စိတ်ညစ်ညူးသွားရ၏။

အတိတ်ဆိုးတခုလိုပဲ။ ကိုယ့်ကိုကိုယ်လည်း စိတ်ဆိုးမိသည်။ ဘာတခုမှ အမှားလည်း မလုပ်ခဲ့ပဲနဲ့ ဘာလို့ဒီလောက်ထိ ဖြစ်ပျက်နေရတာလဲ ဆိုပြီး။ 

ICY : Sugar Free Ice Cream Donde viven las historias. Descúbrelo ahora