Premier Leagueပွဲစဉ်(၁)ကို ကြည့်ရှုဖို့အတွက် ထူးသန့်စင်တယောက် Augustလဆန်းပိုင်းထဲမှာ UKကိုရောက်ရှိလာခဲ့သည်။ လာမည့်အကြောင်းကို ကိုကို့ဆီကရော ကာယကံရှင်ဆီကပါ သတင်းမရခဲ့ပါ။
အကြောင်းပြချက်ကတော့ သူမဘက်က ကိုကြီးပို့သမျှ DMတွေကို ကောင်းကောင်းမွန်မွန်ပြန်မဖြေသည့်အတွက် ကိုကြီးဘက်ကလည်း အသိမပေးတော့တာဟူ၍။
" ဘယ်မှာကောင်းကောင်းမွန်မွန်ပြန်မဖြေလို့လဲ.. သူများကြားရင် ညီမလေးကပဲမိသားစုကို အဆက်အသွယ်ဖြတ်ထားတဲ့ မလိမ်မိုးမလိမ်မာနဲ့ အမိုက်အမဲလေးကျလို့... "
" နားညည်းတယ်.. စွမ်းရည်လင်းကိုပြော.. သူလည်း နင့်မပြောဘူးမလား... "
" သူ့လည််းပြောမှာ.. ကိုကြီးကိုပြောတယ်ဆိုတာ မေမေက ငါ့ကိုဆူနေလို့.. ကိုကြီးက ရူးနေလို့ ပိုက်ဆံအကုန်ခံတာတဲ့.. အဲ့တာနဲ့ ညီမလေးက ဘယ်အကြောင်းကိုပြောနေမှန်းမသိတော့ မေးကြည့်ရော.. အဲ့တော့ ကိုကြီးလာမှာ မသိဘူးလားဆိုပြီး အဆူခံရပြန်ရော... "
ညီမဖြစ်သူကသာ ရေပက်မဝင်အောင် မနားတမ်းစကားပြောနေပေမယ့် ကိုကြီးကတော့ ဖုန်းတလုံးနဲ့အလုပ်ရှုပ်နေ၏။
လေဆိပ်ကနေသူ့ကိုကြိုပြီးပြန်လာတဲ့ လမ်းတလျှောက်လည်း ဗီဒီယိုရိုက်၊ အိမ်ထဲလည်းချက်ချင်းမဝင်နိုင်ပဲ ဗီဒီယိုရိုက်နဲ့ အားမရနိုင်အောင်ဖြစ်နေသည်။
အခုကတော့ ရိုက်ထားတာတွေကို Family Group Chatထဲ ပို့နေတာဖြစ်၏။ အားပေးကြည့်ရှုသူကတော့ ဖေဖေဖြစ်လေသည်။
" ကိုကြီး.. နင်ဒီလိုနဲ့ပဲ တယောက်တည်းရှင်သန်ရတော့မှာ သိလား... "
" အဲ့တာကို ငါကဂရုစိုက်နေပုံပေါ်လို့လား... "
" ဒါပေမယ့်လည်း အနည်းဆုံးတော့.. ကိုယ့်ကိုဂရုစိုက်ပေးတဲ့ တယောက်ယောက်ရှိနေရင်.. သူ့ကိုလက်မလွှတ်လိုက်သင့်ဘူးမဟုတ်ဘူးလား... "
" အဲ့တာနင်ကနင့်သူငယ်ချင်းမို့ ဘက်လိုက်တာလေ.. တခြားသူစိမ်းသာဆို အဲ့လိုတွေးပါ့မလား... "
ကိုကြီးပြောတာလည်း ဟုတ်သည်။ ကိုယ့်သူငယ်ချင်းဆိုတော့ ဘက်လိုက်နေမိတာ။ သူများသာဆို တဖက်ကမကြိုက်တာကို ဘာလို့အတင်းတွယ်ကပ်နေတာလည်း တွေးမိမှာ။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest