/ Brother.. ---အသင်းကကောင်က ငါတို့အသင်းကို တကယ်ရောက်လာတာလား /
အမှန်အတိုင်းပြောရရင် သူ,မသိ။ သူ့အသင်းရဲ့အပြောင်းအရွေ့ကိစ္စကလွဲပြီး တခြားအသင်းရဲ့အကြောင်းကို သူသိဖို့လည်းမလိုအပ်။
နည်းစနစ်ပိုင်းအရသုံးသပ်တာတွေ ဘာတွေတို့၊ Analysisလုပ်ဖို့တို့၊ ပြိုင်ဘက်အသင်းအကြောင်း သိထားဖို့တွေပါ သူကအကုန်လုံးသိနေဖို့မလိုဘူးလေ။
ဥက္ကာလိုမျိုး ကိုယ်ဝါသနာပါတဲ့အရာကနေ ဝင်ငွေရအောင်လုပ်တာမျိုး ဆိုရင်တော့ တမျိုးပေါ့။
ဒါပေမယ့်... ကိုထူးသန့်စင်ဖြစ်နေတော့လည်း သတင်းအရင်းအမြစ်တချို့ ရှာဖွေကြည့်ပြီး ပြန်ဖြေပေးလိုက်သည်။
/ Done Deal Bro /
/ ဂျင်းးးးး /
/ 🤷🏻♂️ /
/ Btw, Jerseyရပြီ... Thanks /
/ Welcome Bro /
ကိုထူးတယောက် ဒီကနေသူပို့ပေးလိုက်တဲ့ ဘောလုံးJersey ရပြီဖြစ်ကြောင်း ခုနလေးကပဲ Facebook New Feedထက်မှာ တွေ့ထားပြီးသားဖြစ်သည်။
ဘောလုံးရာသီပြန်စရင် ဒီကိုဘောလုံးပွဲလာကြည့်ဖို့ ဖိတ်ခေါ်ပါသော်လည်း ဘေဘီ့ရဲ့အစ်ကိုဖြစ်သူပီသစွာနဲ့ပဲ ငြင်းဆန်လာ၏။ ဒါကြောင့်ပဲ သူအားပေးတဲ့အသင်းရဲ့ Jerseyသာ လက်ဆောင်အဖြစ်ပို့ပေးဖြစ်၏။
/ မွန်မြတ်ရော... /
/ Parisသွားတယ်ဗျ... မနက်ဖြန်မှပြန်လာမယ်... /
/ တယောက်ထဲလား? /
/ အလုပ်က ဂျပန်မလေးတွေနဲ့... Burmeseတယောက်လည်းပါပါတယ်... /
/ အဲ့ကလေးမ... အိမ်ကိုအဆက်အသွယ်မလုပ်တာ တပတ်လောက်ရှိပြီ... /
/ မအားလို့ဖြစ်မှာပါ... ဒီတပတ် Paris... နောက်အပတ်ကို Amsterdamသွားဖို့ စီစဉ်ထားတာ... /
မြန်မာပြည်က မိသားစုဝင်တွေအနေနဲ့ ဘေဘီရဲ့တချို့သောကိစ္စတွေကို အချိန်နဲ့တပြေးညီသိရှိနိုင်မှာ မဟုတ်။ Time Zoneကွာခြားချက်ကြောင့် ဆိုတာထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း လွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့ မိန်းကလေးတယောက် ဖြစ်နေတာကြောင့်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest