Self Love - 30

562 38 7
                                    

မန္တလေးဘက်ကလာလျှင် အင်းဝတံတားရဲ့ ဘယ်ဘက်‌ခြမ်းမှာ တည်ရှိတဲ့ သပြေတန်းခံတပ်ရဲ့ ဆောင်းမနက်ခင်းဟာ လွမ်းဆွေးစရာအတိလို့ ထင်မြင်မိသည်။

သို့ပေမယ့် ထင်မြင်ယူဆချက်ဟာ ထင်မြင်ယူဆချက်သက်သက်ပဲပေါ့။ အခုလိုမျိုး လုံခြုံနွေးထွေးတဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ ရှိနေမှတော့ လွမ်းဆွေးချင်တဲ့ စိတ်ခံစားချက်ကို ဘယ်မှာရှာလို့တွေ့နိုင်မှာလည်း။

ခန္ဓာကိုယ်တခုလုံး ရင်ခွင်ထဲမှာ နစ်မြုပ်နေတာကိုပင် မကျေနပ်နိုင်ပဲ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ ကိုကို့ကြောင့် အေးစိမ့်စိမ့်လေညင်းတို့ တိုက်ခိုက်နေပေမယ့် ခန္ဓာကိုယ်ကတော့ နွေးထွေးနေရ၏။

အတွေးနဲ့အတူ အသံထွက်ရယ်မောမိတော့ ကိုကိုက ဘယ်ရယ်တာလည်း မေးလာပြီး နားရွက်အောက်နားကို ဖိကပ်နမ်းရှိုက်လာသည်။

" ဟင်.. ဘာလို့ရယ်တာလည်း... "

" ဒီအတိုင်းပဲ.. စိတ်ထဲမှာ နေလို့ကောင်းလို့... "

" ဒီတလနှစ်လအတွင်း.. Baby ပိန်သွားတယ်... "

" Shamingလုပ်တာပေါ့လေ... "

" မဟုတ်ဘူးလေ.. ဟိုရက်တွေက နေသိပ်မကောင်းဘူးမလား.. အခုရော စိတ်လည်းနေကောင်း.. လူလည်းနေကောင်းပြီမလား... "

သေချာမပြောတက်ဘူး။
ကောင်းတယ်လို့တော့ ထင်ပါတယ်။

ကိုကို့ကို ဘာမှပြန်မပြောပဲ ဧရာဝတီမြစ်ပြင်ကျယ်ကိုသာ ငေးကြည့်နေလိုက်သည်။ ကြာကြာတော့ မငေးလိုက်ရ၊ ကိုကိုက ပါးနှစ်ဖက်ကို လက်ဖဝါးနှစ်ဖက်နဲ့ ထိကပ်ထားရင်း နဖူးချင်းထိလိုက်တာကြောင့်။

" ဘာလဲ... "

" အလုပ်တွေအရမ်းကြိုးစားနေတယ်လို့.. ကိုထူးသန့်စင်ကပြောတယ်.. ပိုက်ဆံရှာပြီးကောင်လေးကို အမ်းမလို့ဆို... "

" လျှောက်ပြော.. ကိုကြီးစကားကို ကိုကို့မို့ယုံတာ... "

" ယုံတယ်လေ.. ဘာတွေအမ်းမလည်း စောင့်နေတာ... "

" ဟွန်း.. မျှော်လင့်ထားပြီး စောင့်နေပါနော်... "

ရယ်စရာမပါပေမယ့် ပြုံးနေမိတာ ပါးတွေပင်ညောင်းရသည်။ ကိုကိုကလည်း လေတိုက်နေတာကြောင့် လွင့်နေတဲ့ ဆံပင်တို့ကို သပ်တင်ပေးရင်း ရယ်နေပြန်သည်။

ICY : Sugar Free Ice Cream Where stories live. Discover now