ပုံမှန်ဆိုရင် ဒီလိုအခြေအနေမျိုးကို ရှက်ရွံ့မိမှာ အသေအချာပါပဲ။ အပိုတွေလုပ်လွန်းတယ်၊ ပိုက်ဆံဖြုန်းတယ်လို့တော့ ကဲ့ရဲ့မှာမဟုတ်ပေမယ့် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မတွေးမိမှာတော့ ဧကန်ပင်ဖြစ်သည်။
အိမ်တံခါးဖွင့်လိုက်တာနဲ့ လျှောက်လမ်းမှာ ဖြန့်ကျဲထားတဲ့ နှင်းဆီပန်းပွင့်တွေ၊ စားပွဲခုံပေါ်က နှင်းဆီပန်းအိုး၊ လှေကားလက်ရန်းမှာ ဆင်ယင်ထားတဲ့ ပန်းပွင့်တွေနဲ့ အခန်းတွင်းအခြေအနေက ရိုးရိုးရှင်းရှင်းနဲ့ ကြည်နူးစရာအတိ။
မိန်းကလေးဆို ပန်းကြိုက်တက်ရမယ်ဆိုတဲ့အထဲမှာ ငါမပါဘူး ပြောခဲ့ဘူးသည်။ အခုတော့ မြင်နေရတဲ့ အိမ်အတွင်းပိုင်းအပြင်အဆင်နဲ့အတူ၊ လက်ဝယ်ရရှိထားတဲ့ နှင်းဆီပန်းစည်းကို သဘောကျနှစ်ခြိုက်လွန်းလို့ တခုခုတော့ မှားယွင်းနေပြီတွေးမိတဲ့အထိ။
" ကြိုဆိုပါတယ်... "
" ကျေးဇူးတင်ပါတယ်... "
သင်းပျံ့နေတဲ့နှင်းဆီပန်းရနံ့တို့ကို ရှုရှိုက်ရမယ့်အစား ပန်းစည်းပေးတဲ့အစ်ကိုကြီးရဲ့ လည်တိုင်ကိုသိုင်းဖက်ပြီး ပါးပြင်နှစ်ဖက်ကိုသာ နမ်းရှိုက်ပစ်လိုက်သည်။
" လေဆိပ်ထဲမှာတုန်းကမပေးပဲ... "
" ပေးဖို့ပဲ.. ပျာယာခတ်ပြီး ပန်းစည်းက အိမ်မှာမေ့ခဲ့တာ... "
အော်... ငါ့ကောင်မလေးက မကြိုက်လောက်ဘူးထင်လို့ မပေးတာမဟုတ်ပဲ၊ မေ့ခဲ့လို့ပေါ့လေ။ အတွေးနဲ့အတူ နှုတ်ခမ်းစူမိသွားတော့သည်။
" ကောက်ပြီကွာ... "
" ကောက်မှာပဲ... "
ခြေဖျားထောက်ပြီး နဖူးချင်း ခပ်ဖွဖွတိုက်ပစ်ဖို့ကြံရွယ်ပေမယ့် သိသိသာသာ ရှောင်ဖယ်လိုက်တာကြောင့် ပုခုံးကိုသာ မိမိရရကိုက်ပစ်လိုက်သည်။
သို့ပေမယ့် ပိုမိုတင်းကြပ်လာတဲ့ ခါးဆီက ကိုကို့လက်တို့ရဲ့အခြေအနေ၊ အရမ်းကိုနီးကပ်နေပြီး ထိတွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကြောင့် နှလုံးခုန်နှုန်းက တဒိတ်ဒိတ်မြန်ဆန်လာသည်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest