နှစ်နှစ်ဆိုတဲ့အချိန်ကာလအတောအတွင်းမှာ ထင်မှတ်မထားလောက်အောင်ပဲ ချစ်ခြင်းမေတ္တာကို ယုံကြည်သက်ဝင်လာရသည်။ ကိုယ့်ကိုကိုယ်လည်း ဒီလောက်တောင်ချစ်ပေးနိုင်ပါလားဆိုပြီး အံ့ဩယူရတဲ့အထိ။
ပထမဆုံးအကြိမ် ကော်ဖီဆိုင်တံခါးကို ဖွင့်ပေးလာတုန်းက ဖြစ်ပေါ်လာခဲ့တဲ့ ခံစားချက်တွေဟာလည်း မပြောင်းမလဲတည်ရှိနေသေးသည်။
ချစ်ပါတယ်ဆိုပြီး ဖွင့်ဟပြောလာတုန်းက အချစ်စိတ်တွေကလဲ အခုအချိန်မှာပိုလို့ပင်များပြားနေပြီဖြစ်သည်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရင့်ကျက်တဲ့ချစ်ခြင်းတရားကို ကူးပြောင်းနေပြီဟု ခံစားရပါသည်။
ကိုယ့်အတွက်ဆိုတာထက် ကိုကိုအဆင်ပြေဖို့နဲ့ ကိုကို့ရဲ့ပျော်ရွှင်မှုကိုသာ ဦးစားပေးကြောင်း၊ အတူရှိခွင့်မရလည်း ချစ်နေခွင့်ရတာနဲ့တင် ကျေနပ်ရတဲ့အကြောင်း။
" ဟိတ်.. အရှေ့ကို သေချာကြည့်ပြီးလမ်းလျှောက်မှပေါ့ကွ... "
ကားကွင်းထဲမှာဖြစ်တာကြောင့် ကားငှားဦးမလား၊ ဘယ်သွားမှာလဲဆိုတဲ့ စကားသံတွေနဲ့အတူ ပတ်ဝန်းကျင်ကလည်း အနည်းငယ်ရှုပ်ယှက်ခတ်နေသည်။
လက်ထဲမှာက်ိုင်ထားတဲ့ ကျောပိုးအိတ်တလုံးနဲ့ လက်ဆွဲအိတ်ခပ်သေးသေးတလုံးကို ကိုကိုက ကားပေါ်ကဆင်းတာနဲ့ ချက်ချင်းလက်လွှဲယူလိုက်ပြီး ညာဘက်လက်ဖဝါးကို မလွှတ်တမ်းဆုပ်ကိုင်ထားကာ ခပ်သွက်သွက်လမ်းလျှောက်သည်။
ကိုကို့မျက်နှာကို မော့ငေးနေရင်း ခေါ်ဆောင်ရာကိုလိုက်ပါနေတာကြောင့် ပုခုံးစွန်းကို အန်တီတယောက်နဲ့တိုက်မိသွား၏။ ဒါကြောင့် အရှေ့ကိုသေချာကြည့်ဖို့ ပြောလာပြီး လက်ဖဝါးကိုလွှတ်ကာ ပုခုံးကနေ ဖက်လာတော့သည်။
" Taxiငှားမှာလား... "
" မငှားဘူး.. ကားကဟိုမှာ... "
ခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ Lexusဟာ ဘယ်တုန်းကများ မန္တလေးကနေ ရန်ကုန်ကို ရောက်သွားတာလဲ တွေးမိသည်။ ကိုကိုနဲ့ပတ်သတ်ရင် မှတ်ဉာဏ်ကောင်းသူမို့ ပြီးခဲ့သောကြာကပဲ ကိုကို့မေမေရန်ကုန်ကို ဆင်းသွားကြောင်း ချက်ချင်းပဲသတိရမိတော့သည်။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest