Extra - 7

640 37 1
                                        

ညဥ့်နက်လာလေ စကားပြောလို့‌ပိုကောင်းလာလေဖြစ်သည်။ ရက်အနည်းငယ်လောက်ဝေးကွာနေတာကြောင့်လည်းဖြစ်ပါလိမ့်မည်။

" Tower Bridgeသွားချင်တယ်.. ကိုကိုအချိန်ရရင်လိုက်ပို့ပေးနော်... "

" Tower Bridgeကို မငြီးငွေ့သေးဘူးလား... "

" ငြီးငွေ့အောင် နေ့တိုင်းလာနေတာမှမဟုတ်ပဲ.. သုံးခေါက်လားပဲ ရောက်သေးတာ.. ပြီးတော့ ငါတို့လန်ဒန်ကို ပြန်ပြောင်းလာတာ အခုမှတလတောင်မပြည့်သေးဘူးလေ... "

" Londonကိုပြန်ပြောင်းလာရတာ ဘယ်လိုနေလဲ... "

" ကိုကိုရော ဘယ်လိုနေလဲ... "

" ပျော်ပါတယ်... "

" ပျော်မှာပေါ့.. အရင်လိုဘောလုံးကွင်းထဲပြန်ရောက်ရတော့မယ်စိတ်နဲ့တင် အရမ်းပျော်နေပြီလေ.. ဟုတ်တယ်မလား... "

အခုစကားပြောနေရင်းနဲ့ကို ဟန်မဆောင်နိုင်အောင်ပြုံးပျော်နေလေသည်။ ပွဲစဉ်တိုင်းမဟုတ်တောင် အိမ်ကွင်းပွဲစဉ်တွေကိုတော့ လက်လွှတ်ခံမှာမဟုတ်ပေ။

ပျော်တယ်ဆိုကျေနပ်ပါသည်။

" ဘေဘီရော အဆင်ပြေလား.. အခြေကျနေသလိုဖြစ်မှ ပြန်ပြောင်းရသလိုဖြစ်သွားတယ်... "

" အဆင်ပြေတယ်.. အစကတော့ ငါလည်းအလုပ်ပြန်ရှာရမယ်ဆိုပြီး စိတ်ညစ်သွားတယ်.. ခရီးထွက်လိုက်ရတော့ နောက်ထပ်ခြေလှမ်းပြန်စဖို့ အားရှိသွားပြီ... "

" ဆောရီး.. ကိုယ့်ကြောင့် ခဏတိုင်းအိမ်ပြောင်းနေရတယ်... "

" ဘာမှမဖြစ်ပါဘူး.. အလုပ်ကြောင့်ပဲ.. ပြီးတော့.. ပိုက်ဆံလည်းပိုများလာတယ်လေ... "

ပိုက်ဆံပိုများမလာလည်း ဘာမှမဖြစ်ပါဘူး မွန်မြတ်သန့်စင်က သိတတ်လိမ္မာတဲ့ကောင်မလေးပဲကို... ပိုက်ဆံကလည်းအရေးကြီးပေမယ့် ပေးစရာအချိန်ရှားပါးနေတာတော့ မကြိုက်ပါဘူး။

ICY : Sugar Free Ice Cream Where stories live. Discover now