Alone - 38

572 39 8
                                    

Recommend Song
Wish You Were Here - Avril Lavigne

.
.
.
.
.

ကိုကိုက လေယာဉ်ပေါ်တက်ကာနီးမှာ အလေးအနက်ထားပြီး မှာကြားသွားတာရှိသည်။

ဘာမှာသွားတာလဲဆိုတော့ လွမ်းလို့ရတယ်၊ အထီးကျန်လို့မရဘူး ဆိုပြီးတော့။ Together we are strongerဆိုပေမယ့် ကိုယ်အနားမှာရှိနေမပေးနိုင်တဲ့အချိန်တွေမှာလဲ ကိုယ်တို့အတူတူရှ်ိနေသလိုမျိုး strongဖြစ်အောင်နေရမယ် တဲ့။

အဲ့နေ့တုန်းက ကိုကို့ကို မညှာတာနဲ့ သိပ်ကိုရက်စက်လွန်းတဲ့လူလို့ မျက်ရည်တွေနဲ့ပြန်ပြောပစ်ခဲ့သည်။ အထီးမကျန်စေရဘူးဆိုတဲ့ ကတိကိုလည်း ငိုရှိုက်ရင်း အင်းလို့ ပြန်ဖြေခဲ့သည်။

ပြန်ဖြေခဲ့ပေမယ့် အန္တရာယ်ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာရောက်ပြီဆိုတာ သိရတာနဲ့တပြိုင်နက် ကိုကို့စကားကို နားမထောင်နိုင်ကြောင်း ရန်တွေ့လိုက်သည်။

ကိုကိုကတော့ သူ့စကားကို အတိအကျနားထောင်မယ်လို့ယုံကြည်ကြောင်း လောင်းကြေးထပ်လာတော့သည်။

ကိုကိုဟာ တခါတ‌လေမှာ စကားလုံးအနုအလှလေးတွေနဲ့ ညှို့ယူဖမ်းစားတက်သလောက် တခါတလေမှာ မှန်တာတွေသိပ်ပြောတက်လွန်းလို့ မကျေမနပ်ဖြစ်ရ၏။

မကျေမနပ်ဖြစ်မိတိုင်းလည်း ကျေနပ်အောင်ပြန်ချော့တက်တာကြောင့် စိတ်ထဲမှာ မကျေမလည်နဲ့ အစိုင်အခဲဖြစ်နေတာမျိုးမရှိပါ။

ဒါပေမယ့်လည်း ဒီနေ့မှအရမ်းလွမ်းနေရသည်။ အထီးမကျန်နဲ့ပြောထားပေမယ့် ဘယ်သူနဲ့မှလည်း စကားမပြောချင်သလို လူတွေနဲ့လည်း ရောနှောမနေချင်ပါ။

ကိုကို့ဆီက အနွေးဓာတ်လေးလိုအပ်နေပြီး ပြောပြချင်တာတွေလည်း အများကြီးရှိနေသည်။

မနေ့ကတနေ့လုံးလည်း ကားပေါ်မှာငြိမ်ငြိမ်သက်သက်လေး လိုက်ပါလာရင်း ကိုကို့အကြောင်းကိုသာ တွေးမိနေသည်။ အရင်ကတော့ အရမ်းလွမ်းလာရင် သူငယ်ချင်းတွေဆီဖုန်းဆက်၊ မုန့်သွားစားဖို့အဖော်စပ်ပြီး အိမ်မကပ်တက်ပေ။

မျက်ရည်ကျလောက်အထိ လွမ်းဆွတ်လာရင် ကိုကို့အစ်မအိမ်ကို အလည်သွားပြီး မမနဲ့ ကိုကို့အကြောင်းတွေပြောဖြစ်ကြသည်။

ICY : Sugar Free Ice Cream Where stories live. Discover now