Exception - 48

467 33 3
                                    

သိန်းထောင်ချီမဟုတ်တဲ့ (အစကတည်းကလည်းမရှိပေမယ့်) ထောင်ဂဏန်းမျှသာ ကျန်ရှိတော့တဲ့ ဘဏ်စာအုပ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး၊ အမှိုက်ပုံးထဲထည့်လိုက်သည်။

တကယ်တော့ မေမေ့အရှေ့မှာတင် စာအုပ်ကို ရန်ငြှိုးထားချင်နေတာပင်။ အရမ်းတွေသိတက်နားလည်နေတဲ့စိတ်ကလေးကြောင့် မလုပ်နိုင်ပါ။ မိဘကို ‌ပျော်အောင်မထားနိုင်ရင်တောင် စိတ်သောကတော့မပေးချင်။

ပြီးတော့ ရှိသမျှအကုန်တောင် ပေးလိုက်ရပြီပဲ၊ စိတ်ဆင်းရဲရအောင်တော့ ထပ်မလုပ်နိုင်။ မပေးပဲ စိတ်ဆင်းရဲရအောင်လုပ်မယ်ဆိုတော့ တမျိုးပေါ့လေ။

ကိုယ့်စိတ်က မဖြေသာလို့ဖြစ်နေတဲ့ကိစ္စမို့ ကိုယ့်စိတ်ကိုသာ ပြင်ဆင်ဖို့ဆုံးဖြတ်ထားသည်။ သေချာတွေးကြည့်ရင် ဆိုင်ကရတဲ့ပိုက်ဆံတွေပဲတော့ သိပ်လည်းဝမ်းနည်းစရာမရှိပါဘူး။

ဒါပေမယ့်လည်း စိတ်မကြည်နေရင်တော့ လောကကြီးက ငါ့အပေါ်မတရားဘူးလို့ တွေးမိပြီး စိတ်ကြည်လင်ရင်တော့ ဒီလိုမျိုး မျှော်လင့်ထားတာနဲ့တလွဲဖြစ်နေတာကိုက ဘဝဟုတွေးမိ၏။

ငါကတော့ ပြာပုံထဲကနေ ပြန်လည်ပေါက်ဖွားလာတဲ့ phoenixနဲ့ပဲ အလားသဏ္ဍာန်ဆင်တူမလား၊ ပြာပုံတိုးတဲ့ခွေးပဲဖြစ်မလားကတော့ ရှေ့ဆက်လျှောက်ကြည့်မှ သိရမှာပဲစိတ်နဲ့သာ အားတင်းနေရသည်။

ပြာပုံတော့ မတိုးချင်တာကြောင့် အလုပ်ပိုကြိုးစားရမယ်စိတ်ကူးပေမယ့် Negative Energyတွေ အရမ်းများပြားနေပြီး လုပ်သမျှကိစ္စတိုင်းဟာလည်း အဆင်မပြေပဲ အလုပ်လက်မဲ့ဘဝကိုရောက်သွားရတော့သည်။

မေမေကတော့ စိတ်ပြေလက်ပျောက်အနေနဲ့ အိမ်မှာမနေဖို့အကြံပေးလာ၏။ အခုတော့ လက်ထဲလဲ တပြားမှမရှိ၊ အလုပ်လဲ မရှ်ိဆိုတော့ အိမ်မှာမနေစေချင်တော့ဘူးလားဆိုကာ ဒရမ်မာချိုးပြလိုက်မှ ငါ့သမီးသဘောဖြစ်သွားသည်။

" တရက်ပြီးတရက်.. တမျိုးပြီးတမျိုးစိတ်ညစ်အောင်တော့ မလုပ်ကြနဲ့နော်... "

" လိုက်သွားချင်ရင်လိုက်သွားချင်တယ်ပေါ့.. အကြောင်းလာမရှာနဲ့... "

ICY : Sugar Free Ice Cream Where stories live. Discover now