Vietnam, Bana Hills, Golden Bridge
ဘာသိဘာသာနေတက်တဲ့ နှစ်ယောက်လုံးအတွက် Vietnamမှာရှိနေရတဲ့ နေ့ရက်တွေဟာ နည်းနည်းလေး မွန်းကျပ်စရာကောင်းလေသည်။
နှစ်ရက်အတွင်းမှာပင် ရှေ့တင်ရော၊ ကွယ်ရာမှာပါ အဆူခံရလွန်းလို့ ကိုယ်လည်းအဆူမခံရအောင်၊ ဆူတဲ့သူလည်း မပင်ပန်းရအောင် အာရုံစူးစိုက်ထားရသည်လေ။
" ငါကအလိုက်မသိတာမှ မဟုတ်တာ.. ကိုကို့မေမေကို အိတ်ကူသယ်ပေးရမလား မေးပါတယ်.. အန်တီက ရတယ်ဆိုလို့.. မေမေက အဲ့တာကိုမသိပဲ ဆူတာ.. ပြီးတော့ စကားလေးဘာလေး မပြောလို့တဲ့.. ပြောနေတာပဲလေ.. နောက်တခုက ခရီးထွက်လာတာကို အခန်းထဲမှာပဲနေလို့တဲ့.. ငါမှအပြင်မထွက်ချင်တာကို.. ကိုယ့်မေမေလည်းအတူတူပဲ.. ကိုကို့ကို တခုမဟုတ်တခုလိုက်ပြောနေတာ.. ငါတို့ဟာငါတို့ တသီးတသန့်ဆန်ချင်တာ အပြစ်မှမဟုတ်တာ.. အဲ့တာကို နားလည်မပေးတဲ့ သူတို့အပြစ်ကို... "
" အဲ့တာကြောင့် ကိုယ့်အနားပဲနေလို့... "
" အဲ့တော့ နှစ်ယောက်လုံးအဆူခံရတယ်လေ.. တော်ပါပြီ.. မပြောတော့ဘူး.. နောက်ရက်ဆို တယောက်တနေရာစီနဲ့ အေးအေးဆေးဆေးစကားပြောချိန်တောင် ရှိမှာမဟုတ်ဘူး.. ငါကပဲ နားလည်ပေးလိုက်မယ်... "
မပြောတော့ဘူးလေ။
အကုန်ပြောပြီးသွားပြီကို။
နားလည်မပေးလို့လည်း ရမှမရပဲကို။ကိုကိုဆို သူ့မေမေက " သူကလူတွေနဲ့မနေတက်ဘူးလေ.. မပေါင်းသင်းတက်ဘူး.. အချိန်ပြည့်စာအုပ်တွေနဲ့ပဲနေတက်တာ.. ဦးနှောက်က စာမေးပွဲမှာအမှတ်ကောင်းတာကလွဲပြီး ကျန်တဲ့နေရာမှာ တော်တော်လေး အားနည်းတာ... " ဆိုပြီး အပြောခံရသည်။
အန်တီ့ပြောစကားကြောင့် မမစုပြည့်မှာ မနေနိုင်ပဲ " အရင်လိုမဟုတ်တော့ဘူး.. ကလေးက အရမ်းပြောင်းလဲသွားတယ်.. ပြည့်ကတော့ ကိုယ့်မောင်လေးအတွက် အမြဲတမ်းဂုဏ်ယူနေရတာပဲ... " ဝင်ပြောတာကြောင့် မြားဦးက မမစုပြည့်ဘက်လှည့်သွားတော့သည်။
အခုက Golden Bridgeမှာဖြစ်သည်။
လမ်းလျှောက်ရတာ သိပ်သဘောမကျပေမယ့် နှစ်ယောက်တည်းရှိနေနိုင်တဲ့ အခွင့်အရေးဆိုတော့လည်း တံတားဆီသွားဖို့ ငြင်းဆန်ဖို့မစွမ်းနိုင်ပါ။
ESTÁS LEYENDO
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest