သိပ်အဝေးကြီးမဟုတ်တဲ့ မေမြို့ခရီးစဉ်ကို သွားဖို့အတွက် လွယ်လွယ်ကူကူနဲ့ ခွင့်ပြုချက်ရခဲ့တာတော့ မဟုတ်ပါ။ ဖေဖေနဲ့မေမေက နှစ်ညအိပ်ခရီးကို ကတိအထပ်ထပ်တောင်းပြီးမှ လွှတ်လိုက်တာဖြစ်သည်။
ဖေဖေတို့အကျိုးအတွက် ပေးရတဲ့ကတိတွေ မဟုတ်တာကို နားလည်တာကြောင့် ငြူစူခြင်းမရှိပဲ ကြည်ဖြူစွာနဲ့ ပေးလိုက်သည်။
တခုပဲ။ ညာပြောတာမဟုတ်ပေမယ့် ထိန်ချန်ထားတာက ကိုကိုနဲ့က သူငယ်ချင်းတွေပါလို့။
ဖေဖေနဲ့မေမေက ကိုကို့ကို မြင်ဘူးသည်။ အရင်အပတ်တုန်းက ဝါဆိုသင်္ကန်းကပ်မှာမို့ ဆိုင်မှာ လာအားပေးသွားသည်။ သူက ရုပ်တည်ကြီးနဲ့ ဟန်ဆောင်ကောင်းပေမယ့် ဒီမှာတော့ ပျာယာတွေခတ်ပြီး ဈေးတွေပါ မှားပြောမိတဲ့အထိ။
မေမေကတော့ ရိုးရာမပျက်စနောက်သည်။ ကောင်လေးက အချောလေးနော်၊ ငါ့သမီးကို စိတ်မဝင်စားဘူးလား ဆိုပြီး။ ဖေဖေကတော့ ရယ်မောရင်းပဲ ဖေဖေနဲ့အစ်ကိုဖြစ်သူကလွဲရင် ယောက်ျားတွေမကောင်းကြောင်း ဆုံးမလာသည်။
ဖေဖေ့စကားကို ထောက်ခံရင်းပဲ မုန့်ဖိုးတောင်းလိုက်တော့သည်။
မေမြို့ကို စန္ဒာလဲ လိုက်မည်။ သူငယ်ချင်းလေးယောက်၊ မိသားစုတွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ သွန်သင်ဆုံးမမှုပုံစံလဲ မတူကြ။
စန္ဒာ့အိမ်က အရမ်းစိုးရိမ်ပူပန်တက်ပြီး သူတို့သမီးကို နေမထိ၊ လေမထိနဲ့၊ ယင်ဖိုမသန်းအောင် စောင့်ရှောက်ထား၏။ မသိချင်နဲ့၊ မစူးစမ်းနဲ့။ သိချင်ရင်၊ စူးစမ်းချင်ရင် ဒုက္ခတွေ့မယ်ဆိုတဲ့ The Croodsဇာတ်ကားထဲက မိသားစုလိုမျိုး။
မြတ်နိုးရဲ့ အိမ်ကတော့ အိမ်ကို မပူမကပ်နဲ့၊ မွေးထားလို့ ကျွေးမယ်၊ လူတန်းစေ့အောင် ဆင်ပေးမယ်။ အပိုသုံးချင်ရင် ကိုယ့်ပိုက်ဆံရှာသုံး။ လုပ်ချင်တာလုပ်၊ ပြဿနာဖြစ်လာရင် ကိုယ်ဟာ့ကိုရှင်း။ မိဘကိုတော့ အရှက်တကွဲ အကျိုးနည်းမဖြစ်စေနဲ့ဆိုတော့ ပုံစံမျိုး။
ရတီ့အိမ်ကတော့ သူမအိမ်နဲ့ နည်းနည်းဆင်တူသည်။ အတုယူမမှားအောင်၊ အားကျလွန်ပြီး လမ်းမှားမရောက်အောင် မိဘကပဲ အကုန်သင်ပေးမယ်၊ ခိုးလုပ်စရာအကြောင်းမရှိဘူး။ ယုံကြည်မှုကို အလွဲသုံးစားမလုပ်နဲ့ဆိုတဲ့ ပုံစံမျိုး။
KAMU SEDANG MEMBACA
ICY : Sugar Free Ice Cream
Romansaကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest