Extra - 3

429 34 5
                                    

ကိုကို့ရဲ့ဘယ်ဘက်လက်မောင်းနဲ့ သူမရဲ့ညာဘက်လက်မောင်းမှာ တည်ရှိနေပြီဖြစ်တဲ့ Couple Tattooရဲ့ဓာတ်ပုံကိုကြည့်နေရင်း သဘောတကျနဲ့ပဲဖြစ်နေရ၏။

ရှုထောင့်ပေါင်းစုံကနေရိုက်ထားတဲ့ ဓာတ်ပုံတင်မကပဲ ဘေးနားမှာရှိနေတဲ့ ကိုကို့လက်မောင်းကို ခဏတိုင်းက်ိုင်ကြည့်ဖြစ်နေယုံသာမက ကိုယ်လုံးပေါ်မှန်ကနေတဆင့် ကိုယ့်လက်မောင်းကိုလည်း ကြည့်မဝနိုင်အောင်ပင်။

ဒါဟာ နှစ်ယောက်လုံးအတွက် ပထမဆုံးသော Tattooထိုးခြင်းဖြစ်သည်။ ကိုကိုကိုယ်တိုင် မျက်စိတွေနောက်နေလောက်အောင်ကို စိတ်လှုပ်ရှားမှု အတိုင်းအတာကလည်း ကဲကဲသဲသဲလို့ ဆိုရအောင်ပင် ဖြစ်နေရသည်။

Facebookမှာ နှစ်ဖက်မိဘအသိုင်းအဝိုင်းရှိနေတာကြောင့် Instagramမှာပဲ Only a fool for youဆိုပြီး ဓာတ်ပုံတင်လိုက်သည်။

ဘယ်သူသိပါ့မလဲ။
အဲ့တာကြောင့်ပဲ ကံထမ်းလာတာမမြင်ရဘူး၊ လှံထမ်းလာတာမြင်ရတယ် ဆိုတဲ့စကားပုံရှိနေတာပေါ့။

" ငါတနေကုန်အူရွှင်နေလို့ထင်တယ်... "

" ဘာဖြစ်လို့လဲ... "

သက်ပြင်းရှ်ိုက်ရင်းပဲ လက်ထဲကဖုန်းကို ကိုကို့ကိုပေးလိုက်သည်။ Screenထက်မှာတော့ ထူးသန့်စင်ရဲ့ " Tattooထိုးတယ် 😠 " ဆိုတဲ့ Textနဲ့အတူ Instagramက ဓာတ်ပုံကို တွေ့ရလိမ့်မည်။

" သူကဘယ်လိုလုပ်တွေ့တာလဲ.. ငါ Instagramသုံးလား မသုံးလားတောင် မသိတဲ့သူကို.. ဘယ်သူက သတင်းပေးတာလဲ... "

" ကိုယ်ပြောလိုက်ရမလား... "

" ရပါတယ်.. ဒီလောက်တော့ ကိုင်တွယ်နိုင်ပါတယ်... "

" အင်း.. အကူအညီလိုရင် ချက်ချင်းပြော.. ဟုတ်ပြီလား... "

" ဟုတ်ကဲ့... "

ဘယ်သူ့ဆီက သတင်းရသလဲဆိုတာ အချိန်ကြာကြာ စုံစမ်းစရာမလိုလိုက်။ မြတ်နိုးရဲ့ " ငါရော " ဆိုတဲ့မှတ်ချက်ကြောင့်ပင်ဖြစ်သည်။

" အားးး ဘယ်သူ့မှလည်းတရားခံမရှာချင်ဘူး.. Social mediaပေါ်တင်မိတဲ့ ငါ့အပြစ်ပဲ... "

" နောင်တရလား... "

" လုံးဝပဲ... "

" အဲ့တာဆိုရပြီ... "

ICY : Sugar Free Ice Cream Where stories live. Discover now