Chit-Chat - 43

543 45 6
                                    

ကိုကိုက သူငယ်ချင်းတွေနဲ့ စကားပြောဦးမှာမို့ အရင်အိပ်နှင့်ဖို့ပြောလာသည်။ အိပ်ချင်စိတ်မရှိသေးတာကြောင့် ဂိမ်းဆော့ရင်း conversationကို နားထောင်နေလိုက်သည်။

ဘယ်အချိန်ကရောက်လဲ၊ အဆင်ပြေလား၊ မင်းတို့ရော အဆင်ပြေတယ်မလား၊ အင်းအဲနဲ့ စကားပြောတာကလည်း မေးတခွန်းဖြေတခွန်းသာ။ အချင်းချင်း အဆင်ပြေပြီး နားလည်မှုရှိကြ‌လို့ တော်သေးသည်ပဲတွေးလိုက်သည။

ငြီးငွေ့စရာကောင်းတဲ့ စကားဝိုင်းကို ဆက်နားမထောင်ပဲ ဂိမ်းထဲသာအာရုံစိုက်လိုက်၏။ ဆယ့်ငါးမိနစ်နီးပါးကြာမြင့်အပြီးမှာတော့ စကားဝိုင်းပြီးဆုံးသွားပြီဖြစ်ပြီး အနားကို ကိုကိုရောက်လာတော့သည်။

" ဂိမ်းဆော့နေတာလား.. အဲ့တာဘာဂိမ်းလဲ... "

" အာ ရှုံးသွားပြီ... "

" ကလေးကလားကွာ... "

" ဘာဖြစ်လဲ.. ရယ်ရင်လည်း ရယ်ပေါ့.. ကျန်တဲ့ဂိမ်းတွေဆော့ဖို့ ဉာဏ်မှမမှီပဲ... "

ဆော့နေတဲ့ဂိမ်းက Zombie Tsunami ဂိမ်းဖြစ်သည်။ ကိုကိုက လှောင်ချင်တဲ့စိတ်နဲ့ ရယ်တာမဟုတ်မှန်းသိနေတော့လည်း ရန်စကားတွေမပြောတော့ပါဘူး။

" အာ ကိုယ့်မေ့နေတာ... "

" ဘာမေ့နေတာလဲ... "

" Anniversaryလက်ဆောင်... "

ဘီရိုထဲက အိတ်တအိတ်ကို ပေးလာ၏။ အိတ်ထဲမှာရှိနေတာကလဲ အိတ်တအိတ်ပင်ဖြစ်သည်။ အားရပါးရပြုံးလိုက်ပြီး ကိုကို့ပါးပြင်ကို ခပ်ဖွဖွနမ်းကာ ကျေးဇူးတင်စကားဆိုလိုက်သည်။

" YSL.. ကျေးဇူး ကိုကို..."

" ကြိုက်တယ်ပေါ့.. ဒီတခါပဲ ကိုယ်ပေးတာကို ကြည်ကြည်ဖြူဖြူလက်ခံတာပဲ... "

" အာ.. ကိုကို့အတွက် Anniversaryလက်ဆောင် စဉ်းစားထားတာရှိတယ်.. စဉ်းစားထားယုံပဲမို့ ဝယ်တော့မဝယ်ရသေးဘူး... "

" အင်း... "

" အဲ့တာ ဘာလဲ.. စိတ်မလှုပ်ရှားဘူးဆိုတဲ့သဘောလား... "

" ရစ်ပြီ... "

" ရစ်တယ်? ငါကလေ... "

အိတ်ကို ဘေးမှာချထားလိုက်ပြီး ကိုကို့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ကိုကိုက စိတ်ကောက်သွားမှာကို စိုးရိမ်ဟန်မရှိပဲ ပြန်စိုက်ကြည့်တာကြောင့် နှုတ်ခမ်းစူသွားရတော့သည်။

ICY : Sugar Free Ice Cream Waar verhalen tot leven komen. Ontdek het nu