Extra - 6

355 22 4
                                    

မနက်အိပ်ရာနိုးတာနဲ့ အိပ်ရာထဲကနေပဲ ကိုကို့ဆီ ဖုန်းခေါ်လိုက်သည်။ ကိုကို့ရဲ့Daily Routineကို သိပေမယ့် ဘာလုပ်နေတယ်ဆိုပြီး ပြောပြတာကို နားထောင်ချင်တာကြောင့်။

နှစ်ကြိမ်တိတိဖုန်းခေါ်လိုက်ရပြီး သုံးကြိမ်မြောက်မှ ဖုန်းကိုင်သည်မို့ ကိုကိုဟာ အိမ်မက်ကမ္ဘာထဲမှာပဲရှိနေသေးပြီး လူနဲ့စိတ်နဲ့တသားတည်းဖြစ်ပုံမပေါ်သေးပါ။

" အခုမှနိုးတာလား.. ခြောက်နာရီနှစ်ဆယ်တောင်ရှိနေပြီနော်.. ဒီနေ့လမ်းလျှောက်မသွားဘူးလား... "

" အင်းးး... "

" Breakfastမစားပဲ အလုပ်မသွားနဲ့နော်... "

" အိုကေ... "

Early birdက မနက်ခြောက်နာရီခွဲကာနီးအထိ အိပ်ရာကမနိုးသေးပဲ၊ လေးလံထိုင်းမှိုင်းနေပြီး စကားလေးနှစ်ခွန်းကိုပင် လေးလုံးကွဲအောင်မပြောသည်မို့ စိတ်ထဲဘဝင်မကျဖြစ်မိ၏။

အတူတူရှိနေရဖြင့် မျက်နှာလေးလည်းမြင်ခွင့်ရမည်။ ဘာများဖြစ်နေသလဲ ဂရုစိုက်ပေးလို့ရမည်။ မြတ်နိုးရတော့လည်း အိပ်ရာနိုးစ ရှုပ်ပွနေတဲ့ဆံပင်လေးနဲ့ကိုကိုဟာ သိပ်ကိုအသည်းယားဖို့ကောင်းလိမ့်မည်။

ခဏ...။
ခဏလေးနေပါဦး။

" အခုလန်ဒန်မှာဘယ်နာရီရှိပြီလဲ! "

Sh*t!

ပြင်သစ်ကလန်ဒန်ထက် အချိန်တနာရီပိုစောတာမို့ မနက်ငါးနာရီနှစ်ဆယ့်နှစ်မိနစ်ပဲရှ်ိဦးမှာ။

" ငါးနာရီခွဲပဲရှိသေးတယ်... "

" အာ Time Differenceကို မေ့သွားတာပဲ.. ဆောရီး ကိုကို.. နာရီဝက်လောက်အိပ်လိုက်ပါဦးလားဟင်... "

" ရတယ် အခုအိပ်ရာကနိုးသွားပြီ... "

" အင်း ဆောရီး... "

" ဘာမှမဖြစ်ဘူး.. ကိုယ်လည်းအလုပ်တွေရှိသေးလို့ မနက်ပိုင်း မပြေးတော့ဘူးလုပ်နေတာ.. အခုတော့ နာရီဝက်လောက်ပြေးလို့ရသွားပြီ... "

" အွန်း.. မနက်စာသေချာစားဦးနော်... "

" Babyရောပဲ.. မနက်ဖြန်ပြန်လာမှာမလား... "

" အင်း.. အဲ့တာဆို အလုပ်ရှိရင်လုပ်တော့နော်... "

ဖုန်းပြောအပြီးမှာတော့ အားနာမိတဲ့စိတ်ကသက်သက်၊ ရယ်ချင်တဲ့စိတ်ကသက်သက်ဖြစ်နေသည်။ ကိုယ့်အပြစ်ကိုသိပေမယ့် အပြစ်တင်စကားမဆိုသူကြောင့် မနက်အစောတည်းက ပုံမှန်ထက်တက်ကြွလန်းဆန်းနေရတော့သည်။

ICY : Sugar Free Ice Cream Wo Geschichten leben. Entdecke jetzt