Dinnerအတွက် Outfitရွေးချယ်နေရင်း ခေါင်းကိုက်လာသည်။ Dressတွေဘာတွေလည်းမဝတ်ချင်။ အိမ်ကနေထည့်လာခဲ့တဲ့ အဆင်ပြေမယ် ထင်ထားခဲ့သမျှ အဝတ်အစားတွေဟာ အကုန်တလွဲဖြစ်နေသလိုခံစားရသည်။
" အနက်ရောင်Jacketဝတ်ချင်တယ်... "
" ဝတ်လေ... "
" ကိုကိုကရော... "
" ဆင်တူဝတ်စေချင်လို့လား... "
" မဟုတ်ပါဘူး... "
" အဆင်ပြေတာဝတ်လေ... "
ရှုပ်ပွနေတဲ့ Luggageကိုကြည့်ပြီး အားပေးသလိုပြုံးပြလာသည်။ ကိုကိုက အဝတ်အစားဝတ်ဆင်တာနဲ့ပတ်ပြီး ဝင်စွက်ဖက်တာမျိုးမရှိ။ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် စိတ်တိုင်းကျသင့်တော်တာရွေးချယ်လို့ရသည်။
အနက်ရောင်ဝတ်ရမလား မေးတယ်ဆိုတာက ကိုကိုက အနက်ရောင်မဝတ်တာကြောင့် လေးစားသမှုနဲ့မေးခြင်းပင်။ အန်တီကိုယ်တိုင်ကလည်း ကိုကို့ရဲ့ အနက်ရောင်မဝတ်ခြင်းအပေါ်မှာ အထူးတလည်မှတ်ချက်မပေးပေမယ့် ဖအေတူသားလို့တော့ ပြောဘူးသည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကိုကိုက သူမရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံပေးမှာဖြစ်ကြောင်း နားလည်ထားပါသည်။
" မိတ်ကပ်လိမ်းဦးမှာ ကြာဦးမှာနော်... "
" တနာရီလောက်လား... "
" လေးဆယ့်ငါးမိနစ်... "
" အိုကေ.. အပြင်မှာစာအုပ်ဖတ်ရင်းစောင့်နေမယ်... "
" ဟင့်အင်း အခန်းထဲမှာပဲ စောင့်... "
အစတုန်းကတော့ ဘေးနားမှာ ထိုင်ကြည့်နေရင် တမျိုးဖြစ်မယ်ထင်လို့ အပြင်မှာ စောင့်ခိုင်းမလို့ပဲ။ အခုလိုပြောလာတော့လည်း အနားမှာပဲ နေစေချင်သည်။
မိန်းကလေးတိုင်း ဒီလိုပဲလားတော့ မသိပေမယ့် မွန်မြတ်သန့်စင်ကတော့ ဒီလိုပဲ။ စိတ်အပြောင်းအလဲကို ကိုကိုလည်းသိပုံရ၏။ ဘာမှမပြောပဲ ရယ်မောပြီး စာအုပ်စင်က စာအုပ်တအုပ်ကိုယူကာ အိပ်ရာပေါ်မှာ စာဖတ်နေသည်။
အရင်ဆုံး မျက်ဝန်းပြာပြာလေးဖြစ်အောင် မျက်ကပ်မှန်အရင်တပ်လိုက်သည်။ ပုံမှန်ထက် ငါးမိနစ်ကျော်အချိန်ကြာယူလိုက်ရတာကြောင့် မိနစ်ငါးဆယ်နီးပါးကြာမှပဲ မိတ်ကပ်လိမ်းခြယ်တာ အောင်အောင်မြင်မြင်၊ လှလှပပနဲ့ ပြီးဆုံးသွား၏။
YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တက်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest