" Goal! "
" ဟာ မဂိုးဘူးကွ.. ဂိုးပြီထင်တာကွာ... "
တဖက်အသင်းပရိတ်သတ်တွေဆီကနေ ညည်းညူသံတွေထွက်ပေါ်လာတာနဲ့အမျှ ကိုကို့အသင်းသားတွေကလည်း ဂိုးသမားဖြစ်တဲ့ ကိုကိုနဲ့လက်သီးချင်းတိုက်တဲ့သူကတိုက်၊ နောက်ကျောပေါ်ခုန်တက်သူက ခုန်တက်ပြီးနောက် ထောင့်ကန်ဘောအတွက် နေရာယူကြတော့သည်။
ထောင့်ကန်ဘောကို ရှင်းထုတ်နိုင်လိုက်အပြီး သိပ်မကြာခင်မှာပဲ ပွဲသိမ်းခရာမှုတ်သံကြားရပြီး အနိုင်ရရှိသွားတဲ့ မင်းသားပါရှိတဲ့အသင်းက ပျော်ရွှင်စွာနဲ့ပဲ အောင်ပွဲခံကြတော့သည်။
အောင်ပွဲခံပုံကလည်း တကယ်ကြမ်းတမ်းသည်။ Premier League Titleဆုကို ဆွတ်ခူးနိုင်တဲ့ အသင်းကတောင် သူတို့လောက် အောင်ပွဲခံနိုင်မှာမဟုတ်။
အဆိုးဆုံးက ကိုဘုဏ်း။ ကိုကို့နောက်ကျောပေါ်ခုန်တက်လိုက်တာများ၊ ကိုကို့မှာ လဲကျမတက်။ ဦးခေါင်းကိုဖတ်ခနဲရိုက်သူရိုက်၊ နောက်ကျောကိုရိုက်သူကရိုက်နဲ့။
သူမမှာတော့ သူတို့အဲ့လိုမျိုး ဝိုင်းအုံဖက်ကြ၊ ရိုက်ကြ၊ ကျောပိုးကြတာနဲ့ ကိုကို ဒဏ်ရာရတော့မှာပဲ အတွေးနဲ့ ရင်ပူလာရသည်။ ဒုတိယပိုင်းအစမှာလည်း ခြေကျင်းဝတ်ကို အကန်ခံရသေးတာ။ အခုကြည့်နေရင်းနဲ့လည်း လမ်းလျှောက်တာက ထော့နဲ့ထောနဲ့ဖြစ်နေသေးတာ။
ဒီလောက်ဖြစ်တာပဲ တော်သေးတယ် တွေးရပါသည်။
Isabellaနဲ့သူမဟာ ပွဲအစကတည်းက ဒဏ်ရာအနာတရဖြစ်မလား စိုးရိမ်စိတ်နဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်နေရတဲ့ နှစ်ယောက်မို့ အခုလို ဒဏ်ရာကင်းစင်မှပဲ အသက်ဝဝရှူနိုင်ကြ၏။
" အိမ်ပြန်ရောက်ရင် bathtubထဲ ရေခဲအပြည့်ထည့်ပြီး စိမ်ခိုင်းရမယ်... "
" အဲ့လိုလုပ်ရမယ်... "
Isabellaရဲ့စကားကို အလိုက်သင့်ပဲပြန်ပြောလိုက်သည်။ Bellaက James ဘောလုံးကန်တာကို အားမပေးသလို၊ ပိတ်ပင်ခြင်းလည်းမရှိပါ။ ပွဲကြည့်ရတာလည်း မနှစ်သက်ပေမယ့် Jamesကို လိုက်ကြည့်ရတာတော့ crazyဖြစ်ပုံရပါသည်။
" ဟေး မနက်ဖြန် ဘယ်သွားမလဲ.. ပန်းခြံပဲဖြစ်ဖြစ်သွားရအောင်.. Jerseyဝတ်ခဲ့ ဓာတ်ပုံရိုက်မယ်... "

YOU ARE READING
ICY : Sugar Free Ice Cream
Romanceကျနော်တို့ နှစ်ယောက်လုံး မချစ်တတ်ဘူး။ ကိုကိုပြောတာ ဟုတ်တယ်။ သိပ်ချစ်ကြတဲ့ ချစ်သူတွေ မဟုတ်ဘူးနော်။ BOY x GIRL Own creation Burmese Fiction Start - 04.09.2022 End - 11.05.2023 Cover - Pinterest